ပြုံယမ်း၊ ဇန်နဝါရီ ၂၈

ရုရှားတပ်ဖွဲ့တွေကို  တိုက်ခိုက်ရာမှာကူညီဖို့အတွက် ယူကရိန်းကို ခေတ်မီစစ်တင့်ကားတွေ ပေးပို့ထောက်ပံ့ ခဲ့တဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားမှာ ဩဇာကြီးမားသူတစ်ဦးဖြစ်တဲ့ ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမကင်ယိုဂျွန်က ရှုတ်ချခဲ့ပါတယ်။

အမေရိကန်ဟာ လုံခြုံရေးဆိုင်ရာအမြင့်ဆုံးစည်းမျဉ်းကို ချိုးဖောက်ကာ ရုရှားကို ဖျက်ဆီးဖို့ဖန်တီးထားတဲ့ စစ်ပွဲကို အရှိန်မြှင့်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဇန်နဝါရီ ၂၇ရက်က ကင်ယိုဂျွန်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပြီး ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီးတော့  ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးကို အလေးပေးဖော်ပြခဲ့ပြီး သူတို့ရဲ့တစ်စစ ကြီးထွားလာတဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်တွေကြောင့် အမေရိကန်နဲ့ အာရှမဟာမိတ်တွေကို ထိပ်တိုက် ရင်ဆိုင်လိုက်တာလည်း ဖြစ်ပါတယ်။

“မြေပြင်ထိုးစစ်အတွက် ယူကရိန်းစစ်တပ်ကို အမေရိကန်ကလက်နက်တွေကို ပံ့ပိုးပေးခြင်းအားဖြင့် စစ်ပွဲအ ခြေအနေ ပိုပြီးတိုးလာနေတာကို အလေးအနက် စိုးရိမ်မိတယ်” လို့  ကင်ယိုဂျွန်က သူမရဲ့ ပထမဆုံးသော သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

“အမေရိကန်ကရုရှားရဲ့ မဟာဗျူဟာလုံခြုံရေးကိုပြင်းထန်စွာ ခြိမ်းခြောက်ပြီး စိန်ခေါ်မှုတစ်ရပ်ဖြစ်စေတဲ့  ဒေသတွင်းအခြေအနေကို စိုးရိမ်စရာအဆင့်ရောက်အောင် တွန်းပို့တဲ့ မဟာရာဇဝတ်ကောင် ဖြစ်တယ်” လို့ ကင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကြွားလုံးထုတ်ထားတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ရုရှား စစ်တပ်နဲ့ ပြည်သူတွေရဲ့  မခံချင်စိတ်နဲ့ သူရဲကောင်းဆန်တဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်တွေကို ရင်ဆိုင်ရတဲ့အခါ အပိုင်းပိုင်း မီးလောင်သွားမှာကို ကျွန်မသံသယမဖြစ်ပါဘူး” ဟု ဆိုကာ မြောက်ကိုးရီးယားဟာ ရုရှားနဲ့ အတူတူ ရပ်တည်ပါတယ်လို့ သူမက ဆိုပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းကို ပင်မတင့်ကားတွေ စေလွှတ်ခြင်းဖြင့် လုံခြုံရေးစည်းမျဉ်းတွေကို ဖြတ်ကျော်နေကြောင်း ကင်က ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ဟာ ရုရှားကို ဖျက်ဆီးဖို့အတွက် ပြင်ပအကူအညီနဲ့ စစ်ပွဲကို ချဲ့ထွင်ဖို့ဆိုတဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို ထင်ဟပ်စေတယ်လို့ ကင်က ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ကြုံတွေ့နေရတဲ့ အကျပ်အတည်းအပေါ် မြောက်ကိုရီးယားက အမေရိကန်ကို အပြစ်တင်ခဲ့ပြီး အနောက်အုပ်စုလွှမ်းမိုးတဲ့ပေါ်လစီကြောင့် ရုရှားဟာ နိုင်ငံလုံခြုံရေးကိုကာကွယ်ဖို့ စစ်ရေးအရ တုံ့ပြန်ရတာဖြစ် တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေး ဒေသနှစ်ခုရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ရုရှားနဲ့ ဆီးရီးယားတို့ကလွဲရင် အခြားသော နိုင်ငံလည်းဖြစ်ပါတယ်။ဒါ့အပြင် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေမှာ ကူညီပေးဖို့အတွက် အလုပ်သမားစေလွှတ်မယ့် အစီအစဉ်ကိုလည်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ထိုးစစ်ကို ပံ့ပိုးကူညီဖို့ မြောက်ကိုရီးယားက အမြောက်ကျည်တွေအပါအဝင် လက်နက်ခဲယမ်းတွေအများအပြား ပေးပို့ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး မြောက်ကိုရီးယားက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ လက်နက်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ  နျူကလီးယား သယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်များအပါအဝင် ဒုံးကျည် အစင်း (၇၀) ကျော်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.