နယူးယောက် – ဇန်နဝါရီ(၂၉)

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တော်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Time Square မှာ (New York City Burmese Community) NYCBC က ဦးဆောင်ပြီး ဇန်နဝါရီ(၂၈) ရက်နေ့က မြန်မာ့ နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ(၂) နှစ်ပြည့်အကြို သံပုံးတီးဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ တော်လှန်ရေးအစ သံပုံးက မိစ္ဆာတွေကို နှင်ထုတ်ကြ ဆိုတဲ့ ကြွေးကြော်သံတွေ နဲ့အတူ စစ်အာဏာရှင်စနစ် ၂၀၂၃ ခုနှစ်မှာ နိဂုံးချုပ်စေဖို့ ရည်ရွယ်ပြီး မြန်မာပြည်ဖွားတိုင်းရင်းသားတွေက ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-NYCBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.