မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထု တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” NUGသည် ခံစစ်အတွက် ဗုံးခိုကျင်းတွေတူးကာ ကလေးတွေကို ထည့်သွင်းဓာတ်ပုံရိုက်နေတယ် “ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ အသန်း(ICG) တယ်လီဂရမ်အကောင့်ကနေ ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ပိုစ့်ပါ အကြောင်းအရာအပြည့်အစုံမှာတော့ “မကွေးတိုင်းအနောက်ခြမ်း ယောနယ် ၊ ဆောနယ်အပါအထင် မြို့နယ် ၅ ခုမှာ ရာနဲ့ချီတဲ့ NUG စာသင်ကျောင်းတွေ ဖွင့်ထားပြီး အဲ့ဒီ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးပေးထားပြီး တပ်က လေယာဉ်နဲ့ ဗုံးလာကြဲရင် ရှောင်ဖို့တိမ်းဖို့ ပညာ ပေးနေတယ်လို့ သိရပါတယ် သူတို့ ခံစစ်အတွက် လုပ်တာကလေးတွေထည့်ပြီး ဓာတ်ပုံရိုက်ထားတာ လို့သိရတယ်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင် တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်တပ်လော်ဘီတွေ ဖြန့်နေတဲ့ ဓာတ်ပုံတွေက Shwe Phee Myay News Agency သတင်းဌာနမှာတင်ထားတဲ့ ဓာတ်ပုံတွေသာဖြစ်တာကိူ စိစစ်တွေ့ရှိရပါတယ်။

သတင်းဓာတ်ပုံများကို အသုံးပြုပြီး လိုသလိုပုံဖော်ထားတဲ့ အကြောင်းအရာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဖြစ်စဉ်အမှန်ကတော့ မကွေးတိုင်းအနောက်ခြမ်းဒေသ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသိအမှတ်ပြု အခြေခံပညာကျောင်းတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ပြင်ဆင်ထားတာဖြစ်ပြီး NUG ဦးဆောင်ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေတူးပြီး ကျောင်းသူ/သားတွေကို အသိပညာပေးနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ သတင်းဓာတ်ပုံတွေဖြစ်တာကို Shwe Phee Myay News Agencyသတင်းဌာနက ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီက လက်ယက်ကုန်းစာသင်ကျောင်းကို စက်တင်ဘာလအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့အပြီး နောက်ပိုင်း စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေဆောက်ဖို့ CDM တွေ ဦးဆောင် ရန်ပုံငွေရှာနေတာကိုလည်း RFAသတင်းဌာနက ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

Shwe Phee Myay News Agency သတင်းဌာနမှာ ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

https://bit.ly/3XGjYRU

RFAသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3DgS2vO

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” NUGသည် ခံစစ်အ တွက် ဗုံးခိုကျင်းတွေတူးကာ ကလေးတွေကို ထည့်သွင်း ဓာတ်ပုံရိုက်နေတယ်” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ် တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.