ပါရီ – ဇန််နဝါရီ(၂၂) 

ပြင်သစ်အလုပ်သမား တစ်သန်းကျော်ဟာ အငြိမ်းစားယူမယ့် အသက်အရွယ် တိုးမြှင့်တာ အပါအဝင် နိုင်ငံ့ပင်စင်ကိစ္စရပ်တွေကို ပြုပြင်ပြောင်းလဲမယ့် အစိုးရအစီအစဉ်သစ်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

အငြိမ်းစားယူတဲ့ အရွယ်မြှင့်တင်တာဟာ အလုပ်ရှင်တွေနဲ့ ချမ်းသာသူတွေကို အကျိုးပြုတယ် ဆိုတာ လူတိုင်းသိပါတယ်လို့ ပြင်သစ် အလုပ်သမားသမဂ္ဂတွေက ပူတွဲကြေညာချက်ထုတ်ပြန် ထားပါတယ်။ 

ပြင်သစ်သမ္မတ အီမန်နျူအယ်မာကွန်ဟာ အငြိမ်းစားယူမယ့် အသက်သတ်မှတ်ချက်ကို (၆၂) နှစ်ကနေ (၆၄) နှစ်အထိ ပင်စင်လစာစနစ်ကို ဘဏ္ဍာရေးအရ ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေပြီး အဲဒီအပြောင်းအလဲဟာ အလုပ်သမားအခွင့်အရေးတွေကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ သမဂ္ဂတွေက ဆိုပါတယ်။ 

သမဂ္ဂအဖွဲ့တွေက ချမ်းသာသူတွေအခွန်ဆောင်တာ ဒါမှမဟုတ် အလုပ်ရှင်တွေက လုပ်ခလစာ အပိုထည့်ဝင်မှု ပေးဆောင်တာလို အစီအစဉ်တွေအတွက် အဆိုပြုထားပေမယ့် မာကွန်က သူ့အစီအစဉ်ဟာ အခြေအနေကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောထားပါ တယ်။ 

“ဒီပြဿနာကို အခွန်ကောက်ခံမှုကနေတဆင့် တခြားနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ အလုပ်သမား တွေဟာ ပြည်သူ့ကဏ္ဍလိုငွေပြမှုအတွက် ပေးဆောင်ဖို့ မလိုပါဘူး” လို့ပြင်သစ်နိုင်ငံ ရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ CFDT ခေါင်းဆောင် လော်ရန့်ဘာဂါက ပြောခဲ့ပါတယ်။ 

ပြင်သစ်-စပိန်ထိပ်သီးဆွေးနွေးပွဲအတွက် ဘာစီလိုနာမှာရှိနေတဲ့ မာကွန်ဟာ လူအများရဲ့ မကျေ နပ်မှုကို အသိအမှတ်ပြုပေမယ့် ပြင်သစ်ပင်စင်လစာတွေကို ခြိုးခြံချွေတာဖို့ ပြုပြင်ပြောင်းလဲမှု လိုအပ်နေတယ်လို့ ဆိုထားတာဖြစ်ပါတယ်။ 

သက်ကြီးရွယ်အိုတွေ တိုးမြင့်လာနေတဲ့ ပြင်သစ်မှာ နိုင်ငံ့ပင်စင်လစာကို လူတိုင်ရရှိစေမယ့် ကတိကဝတ်တွေနဲ့အတူ ဒီစနစ်မှာ အကျုံးဝင်ဖို့ အစိုးရကို တွန်းအားပေးနေတာပါ။ 

လက်တလောမှာတော့ လူထုက ပြုပြင်ပြောင်းလဲရေးကို ကန့်ကွက်ခဲ့ကြပြီး စစ်တမ်းတွေအရ လူအများစုဟာ အဆိုပြုချက်ကို ပယ်ချပြီးနောက် နိုင်ငံတဝှမ်းမှာ လူထုစုဝေးပွဲ(၂၀၀) ကျော် ဖြစ်ပွားခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး၊ကျောင်းနဲ့ တခြားပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တွေကို သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ပဲရစ်တစ်မြို့တည်းမှာ လူပေါင်း(၈)သိန်း ဆန္ဒပြခဲ့ပြီး နိုင်ငံတဝှမ်းလူပေါင်း(၁.၁)သန်းကျော် ဆန္ဒပြခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောထားပြီး အလုပ်သမားသမဂ္ဂတွေကတော့ နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေမှာ လူပေါင်းနှစ်သန်းကျော် ပါဝင်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ အနည်းငယ်ထိတွေ့မှုတွေဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သလို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။ 

ပြင်သစ်သမ္မတရဲ့ အစီအစဉ်တွေကို တွန်းအားပေးဖို့အတွက် လာမယ့် ဇန်နဝါရီ (၃၁) ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ကြဖို့ သမဂ္ဂတွေက တောင်းဆိုထားပါတယ်။

Ref: Fox Business

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.