ကိယက် – ဇန်နဝါရီ(၁၇) 

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း ဒီနီပရိုမြို့က လူနေတိုက်ခန်းတစ်ခုကို ရုရှားဒုံးကျည်နဲ့ တိုက် ခိုက်ခဲ့တဲ့အတွက် သေဆုံးသူဦးရေ (၃၀) အထိမြင့်တက်လာပြီး အပျက်အစီးတွေထဲမှာ အသက် ရှင်ကျန်သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတော်အရေးပေါ် ဝန်ဆောင်မှုဌာနက လုပ်ဆောင်နေတယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ အအေးလွန်ကဲနေပေမယ့် နေရာညအချိန်ပါ ရှာဖွေမှု တွေလုပ်ခဲ့ပြီး အဲဒီတိုက်ခန်းမှာ လူပေါင်း(၁၇၀၀) နေထိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာယူကရိန်းနိုင်ငံ ဇာပိုရီဇီဇီယာဒေသမှာ အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ရှေ့တန်းစစ်မျက်နှာပြင် စစ်ရာဇဝတ်မှုများ စောင့်ကြည့်ရေးပရောဂျက်မှာ ဖော်ပြ ထားပါတယ်။ 

ရုရှားနိုင်ငံဟာ မြို့တော် ကိယက်နဲ့ ခါကိဗ် အရှေ့မြောက်ပိုင်းမြို့တို့ကို ပစ်မှတ်ထားပြီး ယူကရိန်း ရဲ့ ဓာတ်အားလိုင်းအခြေခံအဆောက်အအုံနဲ့ မြို့ပြစင်တာတွေကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ တည်းက ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ 

ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို ရုရှားဘက်က ထုတ်ပြန်ထားပေမယ့် ဒီနီပရိုရှိ တိုက်ခန်းအဆောက် အအုံ တိုက်ခိုက်မှုကို ဖော်ပြထားတာမရှိသလို စစ်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကိုလည်း အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။ 

ရုရှားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၄) ရက်က ခရုဇ်ဒုံးကျည်(၃၃) စင်းပစ်ခတ်ခဲ့ပြီး အဲဒီထဲက (၂၁) စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် အရပ်သားတွေ နေထိုင်တဲ့ တိုက်ခန်းအဆောက်အအုံကို ထိမှန်ခဲ့တဲ့ ဒုံးကျည်ဟာ Kh-22 အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်တပ်ရဲ့ လေတပ်ကွပ်ကဲမှုအရ အဲဒီလက်နက်အမျိုးအစားကို ကြားဖြတ်တိုက်ခိုက် နိုင်တဲ့ စနစ်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက တိုက်ခိုက်ခံရမှုကြောင့် အရပ်သား (၇၃) ဦးဒဏ်ရာရရှိခဲ့ပြီး (၃၉) ဦးကယ်တင်နိုင်ခဲ့ကာ (၄၃) ဦးပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ 

“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အန္တရာယ်ရှိတဲ့ အဆောက်အဦတွေကို ဖျက်သိမ်းတာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကျွန်ုပ်တို့ဟာ ဘဝတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွား ရမယ်” လို့ ဇယ်လန်းစကီးက ပြောခဲ့ပါတယ်။ 

ဒီနီပရိုမြို့ခံတွေဟာ အပျက်အစီးတွေကို ရှင်းလင်းဖို့အတွက် အခင်းဖြစ်ပွားတဲ့နေရာမှာ ကယ်ဆယ်ရေးသမားတွေနဲ့ ပူးပေါင်းခဲ့ပဲီး အိုးအိမ်မဲ့ဖြစ်ခဲ့ရသူတွေအတွက် အစား အသောက်နဲ့ အနွေးထည်တွေ ယူဆောင်ခဲ့ကြပါတယ်။ 

“ဒီမှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ မရှိဘူး။ ဒီမှာ ဘာမှမရှိဘူး၊ လေကြောင်း ကာကွယ်ရေးလည်း မရှိဘူး၊ ဒီမှာ စစ်စခန်းတွေလည်း မရှိဘူး၊ အရပ်သားတွေ အပြစ်မဲ့ပြည်သူတွေကိုပဲ ထိခိုက်တာ” လို့ တိုက်ခိုက်မှုအတွင်း လွတ်မြောက်လာတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ဒေသခံတစ်ဦးကလည်း ဒါက အကြမ်းဖက်ဝါဒဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီး ဒါဟာ လူသားမဆန်တော့ဘူးလို့ အပျက်အစီးတွေရှင်းလင်းနေစဉ်ပြောခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံတစ်ဝှမ်း ဒုံးကျည်ပစ်လွှတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ရုရှားက ပြောခဲ့ပြီး ဒီရည်မှန်းချက်အောင်မြင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၁၅) ရက်နေ့က ပြောပါတယ်။ 

“သတ်မှတ်ထားတဲ့ ပစ်မှတ်တွေ အကုန်လုံး ပြီးသွားပါပြီ၊ တိုက်ခိုက်မှုရဲ့ ပန်းတိုင်ကို ရောက်ပါပြီ”  လို့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒုံးကျည်တွေကို ယူကရိန်းစစ်တပ်ရဲ့ ကွပ်ကဲမှု နဲ့ ထိန်းချုပ်မှုစနစ်အပါအဝင် ဆက်စပ် စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်ခတ်ခဲ့တယ် လို့ ဖော်ပြထားပေမယ့် ဒီနီပရိုမှာရှိတဲ့ လူနေအဆောက်အအုံကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထား တာတော့ မရှိခဲ့ပါဘူး။

Ref: PBSO News Hour

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.