ကိုလံဘို – ဇန်နဝါရီ(၁၄) 

သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အီစတာဗုံးခွဲမှုမှာ လူပေါင်း (၂၉၀) ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး တားဆီးဖို့ ပျက်ကွက်ခဲ့လို့ သီရိလင်္ကာ တရားရုံးက ထိခိုက်သူတွေကို လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။ 

သမ္မတဟောင်းဟာ တိုက်ခိုက်မှုတွေအတွက် ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတိပေး ချက်ရရှိခဲ့ပေမယ့် အဖြစ်ဆိုးကို တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် အမိန့်ချခံခဲ့ရတာပါ။ 

ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဒေါ်လာ (၂၇၃,၃၀၀) ပေးဆောင်ဖို့ အမိန့်ချခဲ့ပြီး တရားအရာရှိတွေကိုတော့ စုစုပေါင်းဒေါ်လာ (၅၇၄,၀၀၀) ပေးဆောင်ခိုင်းခဲ့ကာ တရားရုံးက လျော်ကြေးငွေ ပေးချေမှု ရှိမရှိကို စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်းကိုလည်း သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

အီစတာ တနင်္ဂနွေနေ့မှာ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ဗုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် (၃) နှစ်ကျော်မှာ စီရင်ချက် ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဗုံးခွဲတိုက်ခိုက်ခံရပြီးမှာ အိန္ဒိယနဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ သတိပေးချက် တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သီရိလင်္ကာအစိုးရက ဝန်ခံခဲ့ပါတယ်။ 

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုတွေအပြီး ရက်ပိုင်းအကြာမှာ ဗုံးကြဲလေလေယာဉ်တွေဟာ ISIS နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သီရိလင်္ကာထောက်လှမ်းရေးတွေက ပြောခဲ့ပါတယ်။ 

လက်ရှိအချိန်ထိတော့ ဗုံးခွဲဖို့ ကြံစည်မှုနဲ့ စွပ်စွဲခံထားရသူ (၂၅) ဦးကို ရုံးတင်စစ်ဆေးဖို့ ပြီးခဲ့တဲ့ နှစ်ထဲက ရွှေ့ဆိုင်ထားပြီး တရားရုံးက စီရင်ချက်မချရသေးဘူးလို့ သိရပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.