January 8, 2023

၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနှုန်း ပိုမိုမြင့်တက်လာနိုင်

ရန်ကုန်၊ ဇန်နဝါရီ(၈) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလုပ်ရုံ၊ စက်ရုံတွေပိတ်သိမ်းဖို့ တင် ပြမှုတွေဆက်ရှိနေတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အလုပ်ရုံ၊ စက်ရုံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း လျှပ်စစ်မီး အပြည့်အဝမရတာ၊ ဓာတ် ဆီ၊ ဒီဇယ်ဆီဈေး အဆမတန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် တောင့်မခံနိုင်တော့ဘဲ ပိတ်သိမ်းမှုတွေရှိလာသလို အချို့စက်ရုံတွေကတော့ သက်ဆိုင်ရာဌာနတွေမှာ…

“လုံခြုံမှုနဲ့တရားမျှတမှုရှိလာမှာမဟုတ်တဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ”

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်း အချိုးကျကိုယ်စားပြု (PR) စနစ်ကိုကျင့်သုံးပြီး ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ နှစ်ဆန်းပိုင်းမှာ ပြောဆိုပါတယ်။ PR စနစ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊မေ၊နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး Close List PR…

တနင်္သာရီတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တနင်္သာရီ၊ ဇန်နဝါရီ(၈) တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၁၇၀၀၀ ကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ပါတယ်။ Southern Monitor အဆိုအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လတည်းမှာပဲ ပုလောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ထက်မနည်း မီးလောင်ပျက်…

မော်လမြိုင်လေဆိပ်ကိုသုံးပြီး စစ်ကောင်စီတပ် စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ရိက္ခာတွေ ပို့ဆောင်နေ

မော်လမြိုင်၊ ဇန်နဝါရီ(၈) အာဏာသိမ်းစစ်တပ်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ က ရင်ပြည်နယ်ထဲကို စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇန်နဝါရီ (၅)ရက်နေ့ ညနေပိုင်းကစပြီး မော်လမြိုင်လေဆိပ်ပတ်လမ်းတလျှောက်နဲ့ တောင်ဝိုင်းတောင်တက်လမ်းတွေကို ပိတ်ဆို့ပြီးနောက် လေဆိပ်ထဲမှာ စစ်ရေးဆိုင်ရာလုပ် ငန်းစဉ်တွေ ဆောင်ရွက်နေတာပါ။ စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေထံ စစ်ကူ၊လက်နက်ခဲယမ်းနဲ့…

ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး တိုက်မိုင်းထိပြီးသေဆုံး

ရေး၊ ဇန်နဝါရီ (၈) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဇန်နဝါရီ ၆ ရက်နေ့ညက တိုက်မိုင်းထိပြီးသေဆုံးသွားတယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၆ နာရီလောက်မှာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦးဟာ အရက်မူးပြီးကင်းစောင့်နေစဉ်…

တရုတ်နိုင်ငံလုပ် ကိုဗစ် – ၁၉ အားမြှင့်ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်နေ

ဘေကျင်း၊ ဇန်နဝါရီ (၈) တရုတ်ကုမ္ပဏီ CanSino Biologics က သူတို့ရဲ့ ကိုဗစ် – ၁၉ mRNA အားမြှင့်ကာကွယ်ဆေးအတွက် စမ်းသပ်ထုတ်လုပ်တဲ့အဆင့်ကိုစတင်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ လူမှုမီဒီယာအကောင့်မှာ ဇန်နဝါရီ ၅ ရက်နှောင်းပိုင်းက ဖော်ပြခဲ့ပါတယ်။ CS-2034 လို့သိကြတဲ့ အဲဒီကာကွယ်ဆေးဟာ ပြီးခဲ့တဲ့လက‌နေ စတင်ပြီး တင်းကျပ်တဲ့ ကိုဗစ် – ၁၉ ကန့်သတ်ထိန်း…

ယူကရိန်းကို ဒေါ်လာ ၃ ဘီလျံကျော်ဖိုး အမေရိကန် စစ်ရေးအကူအညီ ထပ်ပေး

ဝါရှင်တန် – ဇန်နဝါရီ(၈) ရုရှားရဲ့ ကျူးကျော်မှုကြောင့် ထိခိုက်နေရတဲ့ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ (၃.၇၅) ဘီလျံကျော် ပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောပါတယ်။ ယူကရိန်းအတွက် မြေပြင်တိုက်ခိုက်ရေးယာဉ်တွေ၊ မောင်းသူမဲ့ ဟောင်ဝစ်ဇာတွေ၊ သံချပ်ကာ ယာဉ်တွေ၊ ဝေဟင်ပစ်ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ တခြားပစ္စည်းတွေကို အမေရ်ိကန် ပြည်ထောင်စုက ထောက်ပံ့ပေးမယ်လို့ ဆိုခဲ့တာပါ။…

အမေရိကန်မှာ ကျောင်းဆရာမကို ပစ်ခတ်ခဲ့တဲ့ ခြောက်နှစ်အရွယ်ကလေးတစ်ဦး ဖမ်းခံရ

ဝါရှင်တန် – ဇန်နဝါရီ(၈) အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ဗာဂျင်နီးယားပြည်နယ်က မူလတန်းစာသင်ကျောင်း တစ်ခုမှာ အသက်(၆) နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ကမ်းရိုးတန်းမြို့တော် ရစ်ချ်နက် မူလတန်းကျောင်ပစ်ခတ်မှုမှာ ကျောင်းသား ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဆိုထားပါတယ်။ “ထိုပစ်ခတ်မှုကို…

လက်လုပ်လက်စား ဈေးသည်ကို PDF ထောက်ပံ့တယ်ဆိုပြီး သတင်းမှားလွှင့်ကာ စစ်ကောင်စီဖမ်း

အမှန်/အမှား+++++++++ မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့”အင်းတော်စည်ပင်ဈေးတွင် PDF ထောက်ပံ့ပေးနေသူ ၄ ဦးကို ဖမ်းဆီးအရေးယူ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…