January 7, 2023

နိုင်ငံတကာခရီးသည်တွေထဲမှာ အိုမီခရွန်မျိုးကွဲ ၁၁မျိုးတွေ့ရှိတယ်လို့ အိန္ဒိယပြော

နယူးဒေလီ၊ ဇန်နဝါရီ(၇) ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၃ ရက်အတွင်း နိုင်ငံတွင်းသို့ရောက်ရှိလာတဲ့ နိုင်ငံတကာခရီးသွားတွေမှာ ကိုဗစ်-၁၉ အမျိုးအစားခွဲ ၁၁ ခုကို တွေ့ရှိခဲ့တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီလိုတွေ့ရှိရတဲ့ ပိုးမျိုးကွဲတွေဟာ မျိုးကွဲအသစ်နဲ့ မူလရှိပြီးသားမျိုးကွဲတွေ ရောနှောထား တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုအသစ်တွေ့ရှိရတဲ့ အိုမီခရွန်မျိုးကွဲတွေထဲမှာ BA.5.2…

အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဖို့ အင်ဒိုသမ္မတ စောင့်ကြည့်နေ

ဂျကာတာ – ဇန်နဝါရီ(၇) အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက လာမယ့် ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အစိုးရအဖွဲ့ကို နောက်ဆုံး အကြိမ် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စောင့်ကြည့်နေပြီး လာမယ့် ရက်ပိုင်း အတွင်း အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး သတင်းရင်းမြစ်တချို့က ဆိုနေကြပါ တယ်။ အာဏာရ ညွန့်ပေါင်းပါတီ (၇) ပါတီထဲက တစ်ခုဖြစ်တဲ့…

“အခုကော်မရှင်က PR စနစ်ကျင့်သုံးမယ်ဆိုတော့ ကော်မရှင်က လွှတ်တော်လား၊ ဥပဒေပြုတဲ့အဖွဲ့လား။ အဲဒါတွေက မှားနေပြီ။ အလွဲမှားကြီး ဖြစ်နေပြီ။ သူတို့ပြောချင်တာ ပြောနေတဲ့ အဆင့်ရောက်နေပြီ”

မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် နိုင်ငံတဝန်းက နယ်မြေဒေသတချို့မှာ လူဦးရေ စာရင်းကောက်ယူတာနဲ့ မဲစာရင်း ပြုစုရေးတွေ လုပ်ဆောင်နေပါတယ်။ တဖက် မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ထပ်ပြီး ကတိပေးလာတာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီရွေးကောက်ပွဲမှာ…

မလေးရှားနိုင်ငံက တိုက်ခိုက်ရေး သင်္ဘောတွေ ဝယ်ယူမယ်

ကွာလာလမ်ပူ – ဇန်နဝါရီ(၇) မလေးရှားနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ တိုက်ခိုက်ရေး သင်္ဘော(LCS) ဝယ်ယူရေး စီမံကိန်းကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ပထမဆုံး သင်္ဘောတွေကို လာမယ့် ဇူလိုင်လအတွင်း အသုံးပြု နိုင်ဖို့ စီစဉ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ (၂) ဘီလျံ ကုန်ကျနိုင်တဲ့ ဒီစီမံကိန်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့ အစိတ် အပိုင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုခဲ့ပါတယ်။…

စစ်အာဏာသိမ်း (၇၀၅) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၀၇ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၇) AAPP ရဲ့ ဇန်နဝါရီ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၅)ရက်အတွင်း ပြည်သူ (၂၇၀၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၉၉၂ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၆၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

“နွေဦးတော်လှန်ရေးမှာ ဘား၊ ကလပ်တွေနဲ့ စည်ကားလာတဲ့ မော်လမြိုင်”

မော်လမြိုင်၊ ဇန်နဝါရီ(၇) လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ မွန်ပြည် နယ်ရဲ့ မြို့တော်မော်လမြိုင်မှာတော့ ဘား၊ ကလပ်တွေနဲ့ စည်ကားလာတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က ဘား၊ ကလပ်တွေမရှိခဲ့တဲ့ မော်လမြိုင်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘား၊ ကလပ်တွေ အလျှိုလျှိုပေါက်ပေါ်လာတာပါ။ စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့မှာ သူတို့နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေကို ဘား၊ ကလပ် ဖွင့်လှစ်လုပ်ကိုင်ခွင့်တွေကို အဆက်မပြတ်ချပေးနေတာ…

ကျိုက်မရောမှာ စစ်တပ်လက်နက်ကြီးပစ်လို့ နေအိမ် ၂ လုံး ပျက်စီး၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်မရော၊ ဇန်နဝါရီ(၇) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး ရွာသား ၃၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့တံတားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၆ နာရီကနေ ဇန်နဝါရီ ၆…

ဖွဲစည်းပုံပြင်ဆင်ရေး စစ်ကောင်စီနဲ့အပစ်ရပ်မထိုးထားတဲ့ EAOs သုံးဖွဲ့ ဆွေးနွေးနေ

နေပြည်တော်၊ ဇန်နဝါရီ(၇) ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဖွဲစည်းပုံအခြေခံဥပဒေထဲက အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ဆိုပြီး စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ်မထိုးထားတဲ့ EAOs သုံးဖွဲ့တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အပစ်ရပ်မထိုးထားတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့…

ရေးမြို့နယ် ထွေအုပ်ရုံးနဲ့မြေစာရင်းရုံး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရ

ရေး၊ ဇန်နဝါရီ(၇)မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံးနဲ့ မြို့နယ်မြေစာရင်းရုံးဟာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၆ နာရီလောက်မှာ ရေးမြို့၊ သီရိမာလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ သီရိနန္ဒာရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံးဟာ လက်နက်ကြီး ၄၀ မမ နဲ့ ၃ ချက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုမှာ…