မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့” ငဖဲမြို့နယ်ရှိ ခရီးသွားပြည်သူကားများအား အကြမ်းဖကိ PDF မိုင်းဆွဲပစ်ခတ်နေတဲ့ ရုပ်သံ” ဆိုတဲ့ ရုပ်သံဖိုင်ပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ တယ်လီဂရမ်အကောင့်ကနေ ဇန်နဝါရီလ (၄)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ရုပ်သံ ဗွီဒီယိုဖိုင်ဟာ ၂၀၂၃၊ ဇန်န ဝါရီ၁ရက်နေ့က Peoples Revolution Alliance(PRA-Magway)အဖွဲ့ပေ့ချ်မှာ တင်ထားတဲ့ ရုပ်သံဗွီဒီယို ဖိုင်သာ ဖြစ်ပါတယ်။

၂၀၂၃၊ ဇန်နဝါရီ၁ရက် နံနက်၈နာရီခွဲအချိန်က အမှတ်(၉၀၅)အမြှောက်တပ်မှ စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်ကို ငဖဲမြို့နယ်၊ဂုတ်ကြီးကျေးရွာနဲ့ မြေလတ်ကျေးရွာကြားမှာ Peoples Revolution Alliance(PRA-Magway)မှ ပဒေသာမိုင်းနဲ့ ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းသာဖြစ်ပြီး စစ်ကောင်စီအကောင့်တုတွေ စွပ်စွဲထားသလို ငဖဲမြို့နယ်က ခရီးသွားပြည်သူတွေရဲ့ ကားတွေကို တိုက်ခိုက်ခဲ့တာ မဟုတ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

Peoples Revolution Alliance(PRA-Magway)အဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://fb.watch/hR2UeXdRuX/

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး DVBသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3Iu820X

Peoples” Spring သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://bit.ly/3X6vbdT

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” ငဖဲမြို့နယ်ရှိ ခရီးသွားပြည်သူကားများအား အကြမ်းဖကိ PDF မိုင်းဆွဲပစ်ခတ်နေတဲ့ ရုပ်သံ” ဆိုတဲ့ ရုပ်သံဗွီဒီယိုပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.