2022

အမေရိကန်ကာကွယ်ရေးဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံထားရ

ဝါရှင်တန်၊ ဇန်နဝါရီ ၃ အမေရိကန်ပြည်ထောင်စုအတွင်း အိုမီခရွန်မျိုးဗီဇပိုး ကူးစက်မှုများ မြင့်တက်လာခြင်းနှင့်အတူ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးလည်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသည်ဟု တနင်္ဂနွေနေ့ က ထုတ်ပြန်ခဲ့သည်။ အော်စတင်၏ ရောဂါလက္ခဏာများသည် ပြင်းထန်ခြင်းမရှိဘဲ နောက်ထပ် ၅ ရက်အထိ နေအိမ်၌ပင် ကွာရန်တင်းနေထိုင်ရမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ Austin ပြောကြားချက်အရ သူသည်…

နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံ၌ ယာဥ်မတော်တဆမှုဖြစ်စဥ် ၃၀၇ အထိရှိခဲ့ပြီး လူဦးရေ ၃၄ အသက်ဆုံးရှုံးခဲ့

ဘန်ကောက်၊ ဇန်နဝါရီ ၃ နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံအနှံ့အပြားတွင် ယာဥ်မတော်တဆဖြစ်ပွားမှုဖြစ်စဥ် ၃၀၇ ခုအထိ ရှိခဲ့ပြီး လူဦးရေ ၃၄ ဦးအထိ သေဆုံးခဲ့ကာ အားလပ်ရက်အတွင်း ခရီးသွားလာရေးတွင် ယာဥ်မတော် တဆမှုကြောင့် သေဆုံးသူ ဦးရေ ၂၆၃ ဦးအထိရှိလာခဲ့ပြီးဟု ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျှော့ပါးသက်သာစေရေးဦးစီးဌာနမှ အထွေထွေဒါရိုက်တာ ဘွန်သမ်လတ်ဆူဟီးကာဆမ်က တနင်္လာ နေ့က ပြောကြားခဲ့သည်။ ယာဥ်မတော်တဆမှုဖြစ်စဥ်…

မွန်ပြည်နယ်အတွင်းက ငါးလုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၅) မွန်ပြည်နယ်အတွင်းက ငါးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လတာကာလအတွင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရပြီးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ငါးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာ၊ ငါးဖမ်း ပစ္စည်းတွေ ဈေးနှုန်း ၂ ဆနီးမြင့်တက်လာတာနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲ့ဒီလို အခက်အခဲမျိုးစုံရင်ဆိုင်နေရတဲ့ ငါးလုပ်ငန်းဟာ…

မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေ အရေးယူမှု စောင့်ကြည့်အဖွဲ့တွေ မေးခွန်းထုတ်

မော်လမြိုင် ၊ ဇန်နဝါရီ (၄) မွန်ပြည်နယ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေကို အမှုဖွင့်အရေးယူတာတွေ စတင် လုပ်ဆောင်ပြီးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲတစ်ကြိမ်ထက်ပိုပေးခဲ့တဲ့သူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)၊ ၁၇၁(ဆ) တို့နဲ့ အမှုဖွင့် အရေးယူနေတာ ဖြစ်ပြီး၊ သံလွင်တိုင်းမ်က ရရှိထားတဲ့…

အကြပ်အတည်းများမှ လွတ်မြောက်စေရန် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ အမေရိကန်ပြည်ထောင်စုတွင် ဒေဝါလီခံယူ

မနီလာ၊ ဇန်နဝါရီ ၃ ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ ကြွေးမြီးကို အမေရိကန်ဒေါ်လာ ၂ ဘီလီယမ်တန်ဖိုးအထိ လျှော့ချနိုင်သည့် အပြင် ထပ်ဆောင်း ငွေလုံး ငွေရင်း ရရှိနိုင်သည်ဟူသော အစီအစဥ်တစ်ရပ်ကို အမေရိကန် ပြည်ထောင် စုတရားရုံးတော်မှ အတည်ပြုလိုက်ပြီးနောက် ဖိလစ်ပိုင်လေကြောင်းလိုင်းသည် အမေရိကန်၏ လူမွဲစာရင်းခံယူခြင်းအစီအစဥ်တွင် ပါဝင်သည်ဟု ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားလေကြောင်းကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု တွင်…

ကိုဗစ် ၁၉ ကူးစက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံသည် နှစ်သစ်ကို တင်းကျပ်သော စည်းကမ်းချက်များဖြင့် စတင်မည်

မနီလာ၊ ဇန်နဝါရီ ၁ Omicron မျိုးကွဲကြောင့် Covid-19 ကူးစက်မှု လှိုင်းသစ်တစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ၂၀၂၂ နှစ်ဦး တွင် တင်းကျပ်သောကန့်သတ်ချက်များကို ဖိလစ်ပိုင်နိုင်ငံမှ စတင် သတ်မှတ်လိုက်ပြီးဖြစ်သည်။ လူဦးရေ ၁၃ သန်းကျော်ရှိသည့် မြို့ကြီး ၁၆ မြို့အပါအဝင် မနီလာမြို့ကို ဇန်နဝါရီ ၃ ရက်မှ ၁၅ ရက်အထိ တတိယအမြင့်ဆုံးသတိပေးချက်အဆင့်အဖြစ် အစိုးရက…

လေးကေကော်တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းက စစ်ရှောင်တွေ လုံခြုံမှု မရှိနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၂) လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်လုပ်နေတဲ့အတွက်ကြောင့် မြန်မာဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေ လုံခြုံမှု မရှိနေဘူးလို့ စစ်ရှောင်အရေးကူညီနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ လေးကေကော်မြို့သစ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီက လေးကေကော်ကလွဲပြီး…

တနင်္သာရီမှာ တက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂) တနင်္သာရီတိုင်းမှာ ဒီဇင်ဘာတစ်လအတွင်း တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ မြိတ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခံရသူ အများစုမှာတော့ တက္ကသိုလ်ကျောင်းသားတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက္ကသိုလ်ကျောင်းသားဟောင်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကေင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။…