2022

စစ်အာဏာသိမ်း (၆၉၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၈၅ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၃၀) AAPP ရဲ့ ဒီဇင်ဘာ (၂၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၇)ရက်အတွင်း ပြည်သူ (၂၆၈၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၆၅၁ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၆၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်တောင်းမြစ်အတွင်းက ငါဖမ်းလှေတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ ခြိမ်းခြောက်ငွေညှစ်နေ

မော်လမြိုင်၊ ဒီဇင်ဘာ(၃၀) ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် စစ်တောင်းမြစ်အတွင်းမှာ ငါးဖမ်းနေတဲ့လှေတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ငွေကြေးအဆမတန် တောင်းယူနေသလို မပေးတဲ့သူတွေကိုလည်း ခြိမ်း ခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေဟာ ငါးလုပ်ငန်းဦးစီးဌာနက လိုင်စင်ထုတ်ပေးထားတဲ့ ငါးဖမ်းလှေတွေအပြင် တရားမဝင်ငါးဖမ်းလှေတွေကို တပ်ရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ငွေကြေး အဆမတန်တောင်းယူနေတာ ဖြစ်ပါတယ်။ အဲဒီငွေကြေးတောင်းယူရာမှာ ငါးဖမ်လှေတစ်စီးကို…

သရက်ချောင်းမှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရတာကြောင့် ၆ ဦးသေဆုံး

သရက်ချောင်း၊ ဒီဇင်ဘာ(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာ၊ ပြည်ထောင်စုကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထားဝယ်ဘက်ကနေ ပုလောဘက်ကို ဆင်းလာတဲ့ တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကား…

အာဏာသိမ်းမှုကြောင့် တစ်လလျှင်ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၃၀) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ အထွေထွေအကျပ်အတည်းတွေနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တစ်လလျှင်ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ IOM အဆိုအရ နိုင်ငံအတွင်း လုံခြုံမှုမရှိတော့တာ၊ စီးပွားရေးကျဆင်းနေတာနဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာ စတဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လစဉ်ပြည်ပထွက်ခွာသူ…

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ

မော်လမြိုင်၊ ဒီဇင်ဘာ(၃၀) ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ စစ်ကောင်စီဟာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့အမှုအားလုံးအတွက် ထောင်ဒဏ်ပြစ်ဒဏ်အသီးသီးချမှတ်ပြီးနောက် ဒီဇင်ဘာနောက်ဆုံးအပတ်မှာ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ၂ နှစ်နီးပါးအကြာ ဖမ်းဆီးချုပ်နှောင်ပြီးနောက်…

နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေလုပ်ဖို့ ပုဒ်မ- ၁၄၄ ကို ရန်ကုန် စစ်ကောင်စီ တစ်ညပယ်ဖျက်

ရန်ကုန် – ဒီဇင်ဘာ(၂၉) နှစ်သစ်ကူးညမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဖို့ဆိုပြီး ရန်ကုန်တိုင်းစစ်ကောင်စီက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ခေတ္တပယ်ဖျက်ခွင့်ပြုလိုက်တယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးက လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စစ်ကောင်စီလက်အောက်ခံ အစိုးရအစီအစဉ်နဲ့ ရန်ကုန်မြို့က အထင်ကရ နေရာတွေမှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော်(Countdown Party) ပြုလုပ်ဖို့ စီစဉ်ထားတဲ့အတွက် ပယ်ဖျက်လိုက်တာလို့ ဆိုထားတာပါ။ နှစ်သစ်ကူးညအတွက် ပြည်သူ့ရင်ပြင်မှာ…

ဒေါ်ဖြူဖြူသင်းရဲ့ လူမှုစောင့်ရှောက်ရေးဂေဟာ တာဝန်ခံကို စစ်ကောင်စီ ထောင်သုံးနှစ်ချမှတ်

ရန်ကုန် – ဒီဇင်ဘာ(၂၉) ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က ဒေါ်ဖြူဖြူသင်း တည်ထောင်ထားတဲ့ မိဘမဲ့ ကလေးငယ်တွေနဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဒီဇင်ဘာလ(၂၈) ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ကိုရာဇာကို ပြီးခဲ့တဲ့ မတ်လ(၂) ရက်နေ့ ဂေဟာကနေ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ -၅၀(ဂ)၊…

လောင်းလုံး မင်္ဂဆောင်တစ်ခုမှာ ဗုံးပေါက်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

လောင်းလုံး – ဒီဇင်ဘာ(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ မင်္ဂဆောင်တစ်ခုမှာ ဗုံးပေါက်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက်၈ နာရီလောက်မှာ ဝေဒီကျေးရွာ ရွာလယ်ပိုင်းက ဦးတင်သိန်းနဲ့ဒေါ်အေးချစ် နေအိမ်မှာ မင်္ဂလာဆောင်…

မော်လမြိုင်မှာ ကားတစ်စီးရေမြောင်းထဲထိုးကျ ၊ မောင်းလာတဲ့ ဒုရဲအုပ် သေဆုံး

မော်လမြိုင် – ဒီဇင်ဘာ(၂၉) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကားတစ်စီ မြောင်းထဲထိုးကျကာ မောင်းနှင်လာတဲ့ ဒုရဲအုပ်ဝင်း ထွန်းပိုင် ဆိုသူ သေဆုံးသွားပြီး သူဟာ လက်ရှိမုပွန်နယ်မြေ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေက သံလွင်တိုင်းမ် ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၈) ရက်နေ့ ည(၉)နာရီဝန်းကျင်က မုပွန်ရပ်ကွက် အိုးရုံလမ်းက (၁၂) ပေအနက်ရှိတဲ့ မြောင်းထဲကို…