တိုင်ပေ – ဒီဇင်ဘာ(၂၉) 

ကိုဗစ်ကူးစက်မှုမြင့်မားနေတဲ့ တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာမယ့်သူတွေကို ထိုင်ဝမ်က ဇန်နဝါရီလ(၁) ရက်နေ့ကစတင်ပြီး ကိုဗစ်စစ်ဆေးသွားမှာဖြစ်ပြီး ရောဂါကူးစက်မှုမဖြစ်ပွားစေ ဖို့အတွက် ထိန်းချုပ်မှုအသစ်တွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်ဝမ် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ဗဟိုစင်တာက တရုတ်နိုင်ငံက တိုက်ရိုက်လေကြောင်း လိုင်းနဲ့ ပြန်ရောက်လာမယ့် သူတွေသာမက ကမ်းလွန်ကျွန်တွေကို လှေစီခရီးသွားကြမယ့် ခရီး သည်အားလုံးကို နိုင်ငံထဲဝင်ရောက်လာချိန်မှာ PCR စစ်ဆေးမှုတွေ လုပ်ဆောင်သွားတော့မှာပါ။ 

အခုလိုလုပ်ဆောင်တာဟာ ကိုဗစ်ပိုးရဲ့ မျိုးကွဲဗီဇအသစ်ကို ခြေရာခံထားနိုင်ဖို့နဲ့ ရောဂါကူးစက်ခံ ရတဲ့ အခြေအနေတွေကို စစ်ဆေးဖို့ဖြစ်တယ်လို့ ကပ်ရောဂါကာကွယ်ရေးဗဟိုစင်တာရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

စစ်ဆေးမှုတွေကို ဟောင်ကောင် ဒါမှမဟုတ် မကာအိုက ပြန်လာမယ့် သူတွေတော့ မပါဝင်ဘူး လို့ဆိုထားပြီး ဇန်နဝါရီလကုန်ပိုင်းအထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဒီစစ်ဆေးမှုမှာ အကျုံးဝင်မယ့် သူတွေဟာ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်ဝမ် နိုင်ငံသားတွေနဲ့ သူတို့ရဲ့ တရုတ်လူမျိုး အိမ်ထောင်ဖက်တွေ၊ ကလေးတွေပါဝင်တယ်လို့ သိရပါ တယ်။ 

တရုတ်အစိုးရကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တည်းက တရုတ်ခရီးသွားဧည့်သည်တွေကို ထိုင်ဝမ် ကျွန်းမှာသွားရောက်လည်ပတ်ခွင့် တားမြစ်ထားတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဟာ ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုတွေကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးကို လာမယ့်နှစ်မှာ ပြန်လည်စတင်ဖို့ ကြိုးပမ်းတာတွေရှိနေပါတယ်။ 

တရုတ်မှာ နေထိုင်ကြတဲ့ ထိုင်ဝမ်နိုင်ငံသားအများစုဟာ နောက်လမှာ ကျရောက်မယ့် နှစ်ကူး အတွက် မိသားစုနဲ့ အတူဖြတ်သန်းဖို့ ထိုင်ဝမ်ကို ပြန်လာလေ့ ရှိတယ်လို့ သိရပါတယ်။ 

ထိုင်ဝမ်နိုင်ငံထဲကို ပြန်လည်ရောက်ရှိလာသူတွေအနေနဲ့ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိရင် အိမ်မှာ သီးသန့်နေထိုင်ရမှာဖြစ်တယ်လို့ ထိုင်ဝမ် ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ဗဟိုစင်တာ ဆိုထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.