မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ရေးမြို့နယ်အတွင်း ကလေးကျောင်းပို့ ကျောင်းကြိုကားကို ရေဘီလူး အကြမ်းဖက်အဖွဲ့က ပစ်ခတ်” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့Kyaw Swarနဲ့ Han Nyein Oo တယ်လီဂရမ်အကောင့်ကနေ ဒီဇင်ဘာလ ( ၂၈)ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “ရေးမြို့နယ်အတွင်း ကလေးကျောင်းပို့ ကျောင်းကြိုကားကို ရေဘီလူး အကြမ်းဖက်အဖွဲ့က ပစ်ခတ်သော်လည်း ယာဉ်မောင်း စစ်သည်၏ကျွမ်းကျင်မှုကြောင့်ကလေးများ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းသိရပါသည်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ရွာထဲဝင်လာတဲ့ စစ်ကားကို ရေးဘီးလူးတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းလိုက်ခြင်းသာဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာကျေးရွာထဲကို ကျောင်းရွာကျေးရွာ အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၁) တပ်က စစ်ကားက ဝင်ရောက်လာတဲ့အချိန် ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းလိုက်တာ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင် ဒီဇင်ဘာ(၂၇)ရက်က ပြောထားပါတယ်။

မွန်ပြည်နယ်မှာ ဒီထက်ကောင်းတဲ့ မစ်ရှင်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က သတိပေးပြောထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒါကြောင့် စစ်တပ်ထောက်ခံတဲ့အကောင့်တုတွေ ဝါဒဖြန့်ရေးထားသလို ကလေးကျောင်းပို့ ကျောင်းကြို ကားကို ရေဘီလူး အဖွဲ့က ပစ်ခတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားတစ်ခု ဖြစ်ပါတယ်။

ရေးဘီလူးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://fb.watch/hHu4uVnsCY/

သံလွင်ခက်သတင်းဌာနမှာလည်း ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3jAMqpq

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ရေးမြို့နယ်အတွင်း ကလေးကျောင်းပို့ ကျောင်းကြိုကားကို ရေဘီလူး အကြမ်းဖက်အဖွဲ့က ပစ်ခတ်” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.