December 29, 2022

ဒေါ်ဖြူဖြူသင်းရဲ့ လူမှုစောင့်ရှောက်ရေးဂေဟာ တာဝန်ခံကို စစ်ကောင်စီ ထောင်သုံးနှစ်ချမှတ်

ရန်ကုန် – ဒီဇင်ဘာ(၂၉) ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က ဒေါ်ဖြူဖြူသင်း တည်ထောင်ထားတဲ့ မိဘမဲ့ ကလေးငယ်တွေနဲ့ HIV/AIDS လူမှုစောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဒီဇင်ဘာလ(၂၈) ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ကိုရာဇာကို ပြီးခဲ့တဲ့ မတ်လ(၂) ရက်နေ့ ဂေဟာကနေ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ -၅၀(ဂ)၊…

လောင်းလုံး မင်္ဂဆောင်တစ်ခုမှာ ဗုံးပေါက်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

လောင်းလုံး – ဒီဇင်ဘာ(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ မင်္ဂဆောင်တစ်ခုမှာ ဗုံးပေါက်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက်၈ နာရီလောက်မှာ ဝေဒီကျေးရွာ ရွာလယ်ပိုင်းက ဦးတင်သိန်းနဲ့ဒေါ်အေးချစ် နေအိမ်မှာ မင်္ဂလာဆောင်…

မော်လမြိုင်မှာ ကားတစ်စီးရေမြောင်းထဲထိုးကျ ၊ မောင်းလာတဲ့ ဒုရဲအုပ် သေဆုံး

မော်လမြိုင် – ဒီဇင်ဘာ(၂၉) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကားတစ်စီ မြောင်းထဲထိုးကျကာ မောင်းနှင်လာတဲ့ ဒုရဲအုပ်ဝင်း ထွန်းပိုင် ဆိုသူ သေဆုံးသွားပြီး သူဟာ လက်ရှိမုပွန်နယ်မြေ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေက သံလွင်တိုင်းမ် ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၈) ရက်နေ့ ည(၉)နာရီဝန်းကျင်က မုပွန်ရပ်ကွက် အိုးရုံလမ်းက (၁၂) ပေအနက်ရှိတဲ့ မြောင်းထဲကို…

စစ်ကားတိုက်ခိုက်ခံရတာကို ကျောင်းကားကိုပစ်တယ်လို့ စစ်ကောင်စီဘက်သားတွေ အသံထုတ်( အမှန်/အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ရေးမြို့နယ်အတွင်း ကလေးကျောင်းပို့ ကျောင်းကြိုကားကို ရေဘီလူး အကြမ်းဖက်အဖွဲ့က ပစ်ခတ်” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

ရေဖြူမြို့နယ်မှာ မိုင်းဆွဲခံရတဲ့စစ်ကောင်စီယာဉ်တန်း တက်ကြိတ်သွားလို့ အမျိုးသမီးတစ်ဦးသေဆုံး

ရေဖြူ၊ ဒီဇင်ဘာ(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းဝင်တိုက်ပြီး တက်ကြိတ်သွားတဲ့အတွက် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၆ နာရီဝန်းကျင်လောက်မှာ ထားဝယ်ဘက်ကနေ ရေဖြူဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၃…

စစ်အာဏာသိမ်း (၆၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၈၂ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၂၉) AAPP ရဲ့ ဒီဇင်ဘာ (၂၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၉၆)ရက်အတွင်း ပြည်သူ (၂၆၈၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၆၃၅ ဦးအထိရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ဖွဲ့စည်းပုံပြင်ဆင်ဖို့ စစ်ကောင်စီနဲ့ အပစ်ရပ် ၅ ဖွဲ့ဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ (၂၉) စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီကနေ ဖိတ်ခေါ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့တို့က နေပြည်တော်မှာ တက်ရောက်ဆွေးနွေးနေပါတယ်အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အစီအစဉ်တွေကို အသေးစိတ်ညှိနှိုင်းပြီး ဆွေးနွေးကြမယ့် အစီအစဉ် ၈ ရပ်ကို သဘောတူအတည်ပြုခဲ့ကြတယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာပါ။ တက်ရောက်ဆွေးနွေးကြတဲ့…

ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ် တင့်ကားတွေသုံးပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ဒီးမော့ဆို၊ ဒီဇင်ဘာ(၂၉) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကောင်စီဘက်က တင့်ကားတွေအပါအဝင် စစ်အင်အားတွေ ထပ်မံတိုးချဲ့လာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဖို့အတွက် တင့်ကားတွေဟာ လွိုင်ကော်-ဒီမော့ဆို၊ ဒီမော့ဆို-မိုးဗြဲ သွားတဲ့ လမ်းမကြီးပေါ်မှာ နေရာချထားသလိုရှိနေပြီး ဒီရက်ပိုင်းအတွင်း လေယာဉ်နဲ့ကင်းထောက်မှု ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က တင့်ကားတွေသုံးပြီး စစ်ကြောင်းထိုးလာနိုင်တာကြောင့် စစ်ရေးအသင့် ပြင်ဆင်ထားတယ်လို့…

မွန်ပြည်နယ်မှာ ကွမ်းသီးဈေးနှုန်း ပြန်လည်မြင့်တက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၉) မွန်ပြည်နယ်မှာတော့ ဒီနှစ်ကွမ်းသီးပေါ်ရာသီမှာ ကွမ်းသီးထွက်ရှိမှုနှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် ကွမ်းသီးဈေးနှုန်း ပြန်လည်မြင့်တက်လာတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းသီးတွေဟာ အရင်နှစ်တွေက အရည်သောက်အရွယ် ကွမ်းသီးနုတွေကို တရုတ်ကဈေးကောင်းပေး ဝယ်ယူခဲ့တဲ့အတွက် ရောင်းချမှုတွေများလာပြီးနောက် ကွမ်းသီးပေါ်ရာသီမှာတော့ ကွမ်းသီးထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းလာတာပါ။ ကွမ်းသီးအထွက်နှုန်း လျော့နည်းလာတာကြောင့် ကွမ်းသီးတစ်ပိဿာကို ကျပ် ၃၅၀၀ ကနေ ကျပ် ၄၁၀၀…