December 4, 2022

ဝင်းရော်ဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အတွက် ရွာလူကြီးတွေ ရိက္ခာပို့ပေးနေရ

မြဝတီ၊ ဒီဇင်ဘာ(၄) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဝင်းရော်ဒေသထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်အတွက် ရိက္ခာတွေကို ရွာလူကြီးက ပေးပို့နေရတယ်လို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေး လှုပ်ရှားလူငယ်တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး တပ်မဟာ(၆)နယ်မြေ ဝင်းရော်ဒေသဖြစ်တဲ့ ပုလိန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး အဲ့ဒီနောက် ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးကာ ဝင်ရောက်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာစဉ်အတွင်း ဒေသခံပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေရှိသလို ကျေးရွာတွေအတွင်း…

KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်းတိုက်ပွဲပေါင်း အကြိမ်၁၀၀ကျော်ဖြစ်ပွားခဲ့

ဖာပွန်၊ ဒီဇင်ဘာ (၄) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ စစ်ကောင်စီ ၊ BGF တပ်ဖွဲ့နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား နို ဝင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် (၁၀၀)ကျော် ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ KNU ဖာပွန်ခရိုင်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGFတို့နဲ့ KNLA…

ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီ စစ်ကြောင်းထပ်ထိုးလာ

ကျိုက်ထို၊ ဒီဇင်ဘာ (၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ် အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးကျေးရွာကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းမထိုးခင်…

အာဏာသိမ်း ၂၂ လအတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်

ရန်ကုန်၊ ဒီဇင်ဘာ (၄) စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ ရှစ်ကြိမ်အထိ လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့ပေမယ့် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၈ ရာခိုင်နှုန်းသာပါဝင်တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးခါစ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အကျဉ်းသား ၂၃,၃၀၀…

စစ်ကောင်စီလက်ထက်မှာ မသန်စွမ်းသူတွေ ပိုမိုအကြမ်းဖက်ခံနေရ

မော်လမြိုင်၊ ဒီဇင်ဘာ (၄) မသန်စွမ်းသူတွေဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ ကူညီစောင့်ရှောက်မှုတွေ အပြည့်အဝမရတော့သလို အကြမ်းဖက်မှုတွေကိုပါ ပိုမိုကျူးလွန်ခံနေရတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် မသန်စွမ်းတွေဟာ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အ လမ်းနဲ့ အသက်ရှင်သန်ခွင့် အပါအဝင် အဖက်ဖက်ကနေ အခွင့်အရေးအားလုံးနီးပါး ဆုံးရှုံးနေရသလို ကူညီမှု စောင့်ရှောက်မှုတွေ ရရှိတော့ခြင်းမရှိပါဘူး။အဲဒီထဲမှာတော့…

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

တနင်္သာရီ၊ ဒီဇင်ဘာ (၄) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရေဖြူရွာအလွန် ထုံခါရွာသချိုင်းအနီး (ဒေသအခေါ် မပိုက်ချောင်)မြိတ်- ကော့သောင်းလမ်းပေါ်မှာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားကွန်မန်ဒိုအထူးတပ်ဖွဲ့(KNLA-TCSJF)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ မြိတ်ဘက်ကနေ ဘုတ်ပြင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီ အင် အား ၁၀၀…

ပါကစ္စတန်လက်နက်ကိုင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် အမေရိကန်ကြေညာ

အစ္စလာမာဘတ်၊ ဒီဇင်ဘာ (၄) အိန္ဒိယနိုင်ငံတွင်းမှာရှိနေတဲ့ အယ်လ်ကေးဒါးအဖွဲ့ဝင်သုံးဦးနဲ့ Tehreek-e-Taliban Pakistan (TTP) (ထီရီ အီ တာလီဘန် ပါကစ္စတန်)ရဲ့ အကြီးတန်းအရာရှိတစ်ဦးကို အကြမ်းဖက်သမားတွေအဖြစ် အမေရိကန်အစိုးရက သတ် မှတ်ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာ၁ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ အိုဆာမာ မတ်မွတ်ရဲ့ လက်ထောက်ဖြစ်သူ အတစ်ဖ် ယာဟာ ဂိုယူရီ နဲ့ လက်နက်ကိုင်အဖွဲ့အတွက် လူသစ်စုဆောင်းတာကို ကြီးကြပ်ပေးရသူ…

အင်ဒိုနီးရှားမှာ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြန်လည်ပြင်ဆင်ပြီး အိမ်ထောင်ပြင်ပ လိင်ဆက်ဆံမှု ကို ပြစ်ဒဏ်ချမှတ်မယ်

ဂျာကာတာ – ဒီဇင်ဘာ(၄) အင်ဒိုနီးရှားပါလီမန်က လက်ထပ်ထိမ်းမြားတာအပြင် လိင်ဆက်ဆံတာကို ထောင်ဒဏ်တစ်နှစ် အထိ ပြစ်ဒဏ်ချမှတ်နိုင်မယ့် ရာဇဝတ်ကျင့်ထုံးဥပဒေသစ်ကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေ တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ဥပဒေသစ်မှာ သမ္မတာ ဒါမှမဟုတ် နိုင်င့တော်အဖွဲ့အစည်းတွေကို စော်ကားတာတွေကိုပါ တားမြစ်မှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်တဲ့ အပြင်တွေ ဖော်ပြတာကိုတာမြစ်မှာဖြစ်သလို လက်မထပ်မီ အတူနေခွင့်ကိုလည်း ပိတ်ပင်သွားမှာဖြစ်တယ် လို့သိရပါတယ်။…

မြန်မာစစ်ကောင်စီက လူ(၇) ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ ကုလသမဂ္ဂပြော

ဝါရှင်တန် – ဒီဇင်ဘာ(၄) မြန်မာစစ်ကောင်စီက အနည်းဆုံးလူ(၇) ဦးကျော်ကို ဒီသီတင်းပတ်အတွင်း သေဒဏ်ပေးခဲ့ပြီး နောက် သေမိန့်ချစီရင်ခံရသူ (၁၃၉) ဦးအထိရှိလာခဲ့ပြီလို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက နောက်ဆုံးအကြိမ်သေဒဏ်စီရင်မှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ မြန်မာနိုင်ငံပြင်ပက ခေါ်ဆိုတဲ့ ဖုန်းတွေကို လက်ခံဖြေဆိုတာ မရှိခဲ့ဘဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့အတွက် သေမိန့်ချမှတ်တာကို အဓိက နည်းလမ်း…

တောင်ဥက္ကလာပ မြို့နယ်က Transpoter Bar ကားပါကင်မှာ ဗုံးပေါက်ကွဲ

ရန်ကုန် – ဒီဇင်ဘာ(၃) ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ Transpoter Bar ရဲ့ ကားပါကင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ(၃) ရက်နေ့ ည(၉) နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံး အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။ Transpoter Bar ဟာ စစ်ကောင်စီနဲ့ နီးစပ်မှုရှိတဲ့ သူတွေဖွင့်ထားတာလို့…