ဆိုးလ်၊ အောက်တိုဘာ (၁၈) 

နှစ်နိုင်ငံ စစ်ရေးလှုပ်ရှားမှုတွေနဲ့ တင်းမာနေချိန်မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ဖို့ အတွက် တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက နှစ်စဉ်လေ့ကျင့်မှုဖြစ်တဲ့  Hoguk ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုတွေကို စတင် လုပ်ဆောင်လိုက်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုက ဒီကနေ့ အောက်တိုဘာ ၁၂ရက်နေ့မှာ စတင်ပြီး အောက်တိုဘာ ၂၂ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီရက်သတ္တပတ်တွေ အတွင်းမှာလည်း အမေရိကန်နဲ့ ဂျပန်တို့နဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ် ဆောင်ခဲ့ပြီး ထပ်မံလုပ်ဆောင်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း မကြုံဖူးတဲ့ အရှိန်အဟုန်နဲ့ လက်နက် စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပြီး သူ့ရဲ့ နောက်ဆုံး လေ့ကျင့်မှုအတွင်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်နဲ့ အမြောက်ကျည်တွေကို ရာနဲ့ချီပြီး ပစ်ခတ်ခဲ့တာပါ။

ပြုံယမ်းဟာ တောင်ကိုရီးယားရဲ့ အခြားနိုင်ငံတွေနဲ့ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွေကို ပြင်းထန်စွာ တုံ့ပြန်ခဲ့ပြီး အဲဒီ လေ့ကျင်မှုတွေ ကို  ရန်စမှု၊ တန်ပြန်ခြိမ်းခြောက်မှုလို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယား အစိုးရကတော့ အဲဒီစစ်ရေးလေ့ ကျင့်မှုတွေက ပုံမှန်ဖြစ်ပြီး နိုင်ငံကာကွယ်ရေအတွက်သာ ဦးတည်ပါတယ်လို့ ပြောဆိုခဲ့တာပါ။

အမေရိကန် တပ်ဖွဲ့ဝင်အချို့နဲ့ တောင်ကိုရီးယားတပ်တို့ အကြား ပူးပေါင်းလုပ်ဆောင်တဲ့ ဟိုဂွက်စစ် ဆင်ရေးဟာ စစ်ရေးပြင် ဆင်မှုမှာ အဆင်သင့်ရှိစေဖို့နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးကိုသာ ဦးတည်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်းနဲ့ အမြောက်ကျည် ၅၀၀ ကျော်ကို ပစ်လွှတ်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ ပင်လယ် နယ်စပ်အနီးမှာ စစ်လေယာဉ်များစွာ ပျံသန်းပြခဲ့ပြီးတဲ့ နောက်မှာတော့  စစ်ရေးအရ တင်းမာမှု တွေ မြင့်တက်လာခဲ့တာပါ။

အဲဒီ အခြေအနေ အတွက် ဆိုးလ်က ပြုံးယမ်းကို ရှုတ်ချထားပြီး ၅ နှစ်အတွင်းမှာ ပထမဆုံး ကန့်သတ်ပိတ်ဆို့မှုတွေကို  ချမှတ်ခဲ့ သလို ၂၀၁၈ ခုနှစ်မှာလည်း  နှစ်နိုင်ငံအကြားချုပ်ဆိုခဲ့တဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းသာဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားဘက်က  ပစ်ခတ်တဲ့ အမြောက်တွေကြောင့်သာ တင်းမာမှုတွေ တိုးမြင့်လာနေတာလို့  စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း သူ့ရဲ့ ပထမဆုံးနျူကလီးယားစမ်းသပ်မှုအတွက် ပြင်ဆင်မှုတွေ ပြီးမြောက်ခဲ့ ပါတယ်။ အောက်တိုဘာ ၁၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အဓိကအာဏာရကွန်မြူနစ်ပါတီကွန်ဂရက်နှင့် နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ သက်တမ်းလယ် ရွေးကောက်ပွဲအချိန်တွေမှာ မြောက်ကိုရီးယားဘက်က ဒုံးကျည်ပစ်ခတ်မှုတွေ ပြုလုပ်နိုင်တယ်လို့ တောင်ကိုရီးယားလွှတ်တော်အမတ်တွေက ပြောကြားခဲ့ပါတယ်။

Ref,Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.