မော်လမြိုင် – အောက်တိုဘာ(၁၈)

နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစုတွေရဲ့ မဟာမိတ်ဆက်ထုံးခိုင်မြဲဖို့အတွက် စုစုစည်းစည်း ညီညီညွတ်ညွတ်လုပ်ဆောင်ပြီး စစ်ရေးပူးပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျလုပ်ကြ ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ(၁၈) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၂) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ သူက အခုလိုပြောဆိုခဲ့တာပါ။

“မြန်မာ့နွေဦးတော်လှန်ရေးအတွင်းက စစ်ရေးမဟာမိတ်တပ်ပေါင်းစုကို တည်ဆောက်တဲ့နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တက်နိုင်သမျှအမြင်ကျယ်ကျယ်သဘောထူးကြီးကြီးနဲ့ အမြော် အမြင်ရှိရှိကြည့်မြင်ဖို့လိုပါတယ်။ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့နေရာမှာ သဘောထား အမြင်ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့မသင့်ပါဘူး” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက် ဂိုဏ်းဂဏ ဝါဒကို ရှောင်ပြီး ပုဂ္ဂိုလ်ရေးအစွဲတွေကို ရှောင်ဖို့လို သလို ရေတိုအကျိုးစီးပွားတွေကိုပဲ ကြည့်ပြီးမဟာမိတ်ဆက်ဆံရေး လုပ်ဆောင်တာတွေကိုလည်း ရှောင်ကြဉ်ဖို့ သူက တိုက်တွန်းခဲ့ပါသေးတယ်။

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့အခါ ရှင်းလင်းပြတ်သားတဲ့ အချက် အလက်တွေကို အုတ်မြစ်တည်ဆောက်ထားကြဖို့ ယာယီသမ္မတက ဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီကို (၁) နှစ်အတွင်းအမြစ်ဖြတ်တိုက်ခိုက် ဖို့ လုပ်ဆောင်နေတယ်လို့ တရားဝင်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.