ဒါကာ ၊ အောက်တိုဘာ (၁၈)

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးကို ဒါဇင်နဲ့ ချီတဲ့ လူအုပ်က တိုက်ခိုက်သတ်ဖြတ်ခဲ့ ပြီးတဲ့နောက်မှာ ဒုက္ခသည် တစ်သန်းနီးပါး နေထိုင်ရာ စခန်းတွေမှာ လုံခြုံရေး အ‌ခြေအနေ ပိုဆိုးရွားလာခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရက် အာမတ် ရဲ့ ပြောကြားချက်အရ စခန်း ၁၃မှာ နေထိုင်တဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေဟာ အောက်တိုဘာလ ၁၅ ရက်နေ့နှောင်းပိုင်းမှာ  သတ်ဖြတ်ခံခဲ့ရပြီး အဲဒီအဖြစ်အပျက်က မကြာသေးမီ လတွေအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ အနက် တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရိုဟင်ဂျာယောင် ဟန်ဆောင်ထားတဲ့ လူ ၁၂ ဦးဟာ စခန်းနံပါတ် ၁၃  ရဲ့ အကြီးအကဲ နဲ့ အခြားအကြီးအကဲ တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ တစ်ဦးက ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

ထိပ်တန်းရဲတပ်ဖွဲ့အကြီးကဲကတော့  အဲဒီဖြစ်စဉ်နဲ့  ပတ်သက်ပြီး Arakan Rohingya Salvation Army (ARSA) အဖွဲ့ကို စွပ်စွဲထားတာပါ။

“ဒါတွေဟာ ARSA ရဲ့ ပစ်မှတ်ထား သတ်ဖြတ်မှုပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်း တိုက်ပွဲတွေက စခန်းတွေရဲ့ လုံခြုံရေးကို ထိခိုက်နေပါတယ်” လိ့ု သူက ပြောပါတယ်။

မကြာသေးမီလများအတွင်း ဒုက္ခသည်တွေရဲ့  အခြေချနေထိုင်မှုတွေမှာ  ဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှု၊ သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာတွေကနေ တစ်ဆင့် ဒုက္ခသည်တွေရဲ့ အရပ်သား ခေါင်းဆောင်တွေကို ခြိမ်းခြောက်ဖို့ပါ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

Ref,Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.