တိုကျို – အောက်တိုဘာ(၁၈) 

ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဘုရားကျောင်းနဲ့ အာဏာရ ပါတီက လွှတ်တော်အမတ်တွေရဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ထုတ်ဖော်ပြီးနောက် ဂျပန်ဝန်ကြီး ချုပ် ဖူမီယိုကီရှီဒါက ပေါင်းစည်းရေးဘုရားကျောင်းကို စုံစမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ 

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ပါလီမန်အမတ်တွေဟာ မင်္ဂလာပွဲတွေကြောင့် လူသိများ တဲ့ဘုရားကျောင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးကို အပြည့်အဝထုတ်ဖော်ပြောဆိုတာမရှိတဲ့အတွက် ကီရှီဒါရဲ့ အစိုးရကို ထောက်ခံမှု အနိမ့်ဆုံးအဆင့်ကို ကျဆင်းနေတာပါ။ 

ကီရှီဒါဟာ ဘာသာရေးကော်ပိုရေးရှင်းများအက် ဥပဒေအရ ဘုရားကျောင်းကို စုံစမ်းစစ်ဆေးဖို့ အတွက် ယဉ်ကျေးမှုဝန်ကြီးကို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ရွေးကောက်ပွဲမယ်ဆွယ်ဟောပြောနေချိန် ဝန်ကြီးချုပ်ဟောင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့သူရဲ့ မိခင် ဖြစ်သူဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ဘုရားကျောင်းကြောင့် နစ်နာခဲ့ရတယ်လို့ဆို ပြီး အာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ 

အာဏာရဝန်ကြီးချုပ် ကီရှီဒါက ပါလီမန်မှာ စကားပြောချိန် သူ့ရဲ့ LDP အဖွဲ့ဝင်တွေဟာ ဘုရား ကျောင်းနဲ့ ဆက်စပ်မှုရှိတဲ့အတွက် အစိုးရကို လူထုယုံကြည်မှု ပျက်ပြားစေတယ်လို့ ဆိုခဲ့ပြီး အဲ့ဒီ ဘုရားကျောင်းဟာ ယုံကြည်သူနောက်လိုက်တွေကို ဆင်းရဲစေပြီး မိသားစုများစွာကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုခဲ့ပါတယ်။ 

အာဘေးလုပ်ကြံံခံရပြီးနောက်ပိုင်း LDP လွှတ်တော်အမတ်ထက်ဝက်လောက်ကအဆက်အသွယ် ရှိတယ်လို့ ထုတ်ဖော်ခဲ့ပေမယ့် သူက ဘုရားကျောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးမရှိဘူးလို့ ဝန်ကြီးချုပ်က ငြင်းဆိုထားပြီး အဖွဲ့အစည်းအရလည်း ဘုရားကျောင်းနဲ့ ချိတ်ဆက်မှု မရှိဘူးလို့ ပါတီက ဆိုထားပါတယ်။ 

ဘုရားကျောင်းကိစ္စနဲ့ ဆက်စပ်တဲ့ ငွေကြေးပြဿနာနဲ့ စိတ်ကျမ်းမာရေးပြဿနာတွေအတွက် အစိုးရဆီမှာ အကူအညီတောင်းခံမှု(၁၇၀၀) ကျော် လက်ခံရရှိထားပြီး ဒုက္ခသည်တွေအတွက် ထောက်ပံ့မှုတိုးချဲ့သွားမယ်လို့ ကီရှီဒါက ကတိပြုထားပါတယ်။ 

အစိုးရကျွမ်းကျင်ပညာရှင်အဖွဲ့ကတော့ ဘုရားကျောင်းဖျက်သိမ်းရေး စုံစမ်းစစ်ဆေးသူတွေ အတွက်ရွေးချယ်မှုတစ်ခုဖြစ်တယ်သင့်တယ်လို့ အဆိုပြုထားပါတယ်။ 

ပေါင်းစည်းရေးဘုရားကျောင်းကို ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ ကိုယ်တိုင်မေရှိယ ခေါင်းဆောင်လို့ ကြေညာခဲ့တဲ့ ဆွန်မြောင်မွန်းက ၁၉၅၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ စတင်တည်ထောင်ခဲ့ တာဖြစ်တယ်လို့သိရပါတယ်။ 

ဆွန်မြောင်မွန်းဟာ သူ့ရဲ့ နောက်လိုက်တွေကိုဆွဲဆောင်ဖို့နဲ့ တရားဝင်မှုရရှိဖို့ နိုင်ငံရေးသမားတွေ နဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့သလို နိုင်ငံရေးသမားတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာကူညီဖို့ ဘုရားကျောင်းအဖွဲ့ဝင်တွေကို အသုံးချခဲ့တာတွေရှိတယ်လို့ ဘုရားကျောင်းနဲ့ပတ်သက်တဲ့ အမှု တွဲတွေလုပ်ဆောင်ခဲ့တဲ့ ရှေ့နေ ဟီရိုရှီ ရာမာဂူချီက ပြောပါတယ်။ 

ဘုရားကျောင်းဘက်ကတော့ ရှင်ဇိုအာဘေးသတ်ဖြတ်ခံရပြီးတည်းက အဖွဲ့ဝင်တွေဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.