ပွင့်ဖြူ၊ အောက်တိုဘာ (၉)
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေ ကို ဓာတ်ပုံနဲ့တိုက်ပြီး စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကစပြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းအဝင်၊ ပွင့်ဖြူ ကိုဗစ်စစ်ဆေးရေး ဂိတ်နဲ့ မဲဇလီတံတားတို့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးရာမှာ မှတ်ပုံတင် စစ်တာ၊ ဓါတ်ပုံနဲ့တိုက်စစ်တာ၊ ပါလာသမျှ ပစ္စည်းတွေကို ဖောက်စစ်တာအပြင် ကားသမားတွေဆိုရင် မှောက်ခိုင်းပြီး စစ်ဆေးတာတွေ လုပ် ဆောင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီလို စစ်ဆေးရာမှာ အမျိုးသားတွေနဲ့ ဆိုင်ကယ်၊ ကား တွေကို ဦးစားပေးစစ်ဆေးနေပြီး စစ်ကောင် စီတပ်ရဲ့ စစ်ဆေးမှု တွေကြာင့် ခရီးသွားပြည်သူတွေဟာ အချိန်ကြန့်ကြာတာအပြင် သွားရေးလာရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေ တာပါ။
အာဏာသိမ်း စစ်ကောင်စီဟာ ပွင့်ဖြူမြို့နယ်ကို ဖြတ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDFတွေက လက်နက်သယ်ယူမယ်ဆိုတဲ့ သတင်းရပြီးနောက် အခုလို စစ်ဆေးလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြို့နယ်တွင်းရှိ ကျေးရွာတွေမှာလည်း အရပ်ဝတ်တွေနဲ့ ကင်းလှည့်တာ စစ်ကား၊အချုပ်ကားတွေ နဲ့လှည့်ပတ်သွားလာတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်း