ဘန်ကောက်၊ အောက်တိုဘာ (၉)

ထိုင်းနိုင်ငံက မူကြိုကျောင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပေါ် “ကျောင်းတွေကို လုံခြုံအောင် လုပ်ဖို့ ဆရာ၊ ဆရာမတွေကိုပါ လက်နက်ဆင်ထားပေးဖို့လိုလာပြီ”လို့ ဆက်စပ်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီလိုပြောဆိုခြင်းဟာ သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်မျှဝေခြင်းသာဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မ ကောင်းကြောင်းလည်း ပြောဆိုခဲ့တာပါ။

အခင်းဖြစ်ပွားတဲ့နေရာကို ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရား၊ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာတို့က အောက်တိုဘာ ၇ရက်နေ့ မှာ သွားရောက်ခဲ့ပြီး သေဆုံးခဲ့တဲ့ မိသားစုဝင်တွေကို နှစ်သိမ့်မှုတွေ လုပ်ဆောင်ခဲ့တာပါ။  ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေထံကို လည်း သွားရောက်ခဲ့ပြီး လျော်ကြေးငွေတွေ ပေးအပ်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ထိုင်းအစိုးရဟာ လျော်ကြေးငွေ ဘတ်သန်းနဲ့ချီပြီး ပေးလျော်ဖို့အတွက် စီစဉ် နေတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့  လူသတ်သမား ပန်ရာ ခမ်လာဘ်ဟာ မူးယစ်ဆေးဝါးသုံးစွဲ ထားခြင်း မရှိတာကို စစ်ဆေး တွေ့ရှိခဲ့ရပြီး   သူကိုင်ဆောင်ခဲ့တဲ့ သေနတ်ဟာ  ကိုယ်ပိုင်သေနတ်သာ ဖြစ်တယ်လို့လည်း ပြောကြားထား တာပါ။
 
တစ်ဖက်မှာတော့ ထိုင်းနိုင်ငံရဲ့ အကြီးစားအတိုက်အခံပါတီ ဖီယူထိုင်းပါတီဟာ အဲဒီပစ်ခတ်မှုနဲ့  စပ်လျဉ်း ပြီး ပါလီမန်အထူး အစည်းအဝေး တစ်ရပ်ခေါ်ယူဖို့တောင်းဆိုထားပြီး ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မံမဖြစ်ပေါ်ဖို့ နည်းလမ်းတွေကို  ဆွေးနွေးအဖြေရှာကြဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။
 

Ref -Thai Enquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.