မော်လမြိုင် – အောက်တိုဘာ(၅)

နွေဦးတော်လှန်ရေးမှာ အာဏာရှင်ကို ခုခံတော်လှန်ရေး ထိခိုက်ကျဆုံးမှုတွေကြုံတွေ့ခဲ့တဲ့ ပညာရေး နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို မော်ကွန်းဝင်တော်လှန်ပညာသူရဲကောင်းတွေအဖြစ် သတ်မှတ် ဂုဏ်ပြုတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ရဲ့ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

NUG အစိုးရက မော်ကွန်းဝင် သူရဲကောင်းအဖြစ်ကြေညာတာဟာ ပထမဆုံးအကြိမ်အဖြစ် ပညာရေးဝန်ထမ်းတွေကို ဂုဏ်ပြုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဆရာ၊ဆရာမ၊ ပညာရေး ဝန်ထမ်းနဲ့ ကျောင်းသား /ကျောင်းသူ (၁၅၀) နီးပါးကို သတ်ဖြတ်တာတွေလုပ်ဆောင်ထားသလို ထောင်နဲ့ချီပြီးဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.