မဲဆောက် – စက်တင်ဘာ(၃၀)
အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး ICC မှာ စစ်ဆေးအရေးယူပေးဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို မြန်မာလူထုအသံလှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဟိန်းအောင်၊ ဖိုတိုဒါန