မော်လမြိုင်၊ စက်တင်ဘာ (၃၀)

ပရီးမီးယားလိဂ်ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စက်တာဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ အဲရစ်ဆင်က ဆွတ်ဆူးရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင်းဖော် တိုက်စစ်ကစားသမား အန်တိုနီကို ကျော်ဖြတ်ပြီး တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တာပါ။

ကွင်းလယ်လူ အဲရစ်ဆင်ဟာ မန်ယူအသင်း အနိုင်ရရှိခဲ့တဲ့ စက်တင်ဘာလအတွင်း ပွဲစဉ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ရှဲရစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အဓိက စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဒီဆုကို ရရှိနိုင်ခဲ့တာပါ။

မန်ယူအသင်းရဲ့ တစ်လတာ အကောင်းဆုံးကစားဆုကို ပရိသတ်တွေက မဲပေး ရွေးချယ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွက် အကောင်ဆုံးကစားသမားဆုကိုတော့ နောက်ခံလူ မာတီနက်ဇ်က ဆွတ်ခူးရရှိထားပါတယ်။

ကွင်းလယ်လူ အဲရစ်ဆင်ဟာ အခုဘောလုံးရာသီမှာ ဘရန်ဖို့ဒ်အသင်းကနေ မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၈ ပွဲထိ ကစားပေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.