ကရာချိ၊ စက်တင်ဘာ (၃၀)
ပါကစ္စတန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိမှာ စက်တင်ဘာ ၂၈ ရက်နေ့က က သွားဘက်ဆိုင်ရာလူနာအဖြစ် ဟန်ဆောင်ထား တဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့်တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ပွား ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြို့တော် ဆာဒါ ရပ်ကွက်မှာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ ဆေးခန်းအတွင်းရောက်ရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲ ထိခိုက်ဒဏ်ရာ ရခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ကရာချိရှိ ရဲအရာရှိချုပ် က “ကနဦး စုံစမ်းစစ်ဆေးမှုအရ ဒီ (သွားဘက်ဆိုင်ရာ) ဆေးခန်းကို ခွဲခြားပြီး ပစ်မှတ်ထားခဲ့တာပါ” လို့ ပြောကြားခဲ့ပြီး ဒီအမှုအခင်းဟာ ပစ်မှတ်ထား သတ်ဖြတ်တဲ့ ဖြစ်စဉ်လို့လည်း သုံးသပ်ထားပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ သေနတ်သမား တစ်ဦးသာ ပါဝင်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း လည်း ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှန်း တိတိကျကျမသိရသေးသော်လည်း ယခင်ကတော့ ခွဲထွက်ရေးဝါဒီ Baluch လွတ်မြောက်ရေးတပ်မတော်က မြို့တော်နဲ့ ပါကစ္စတန်ရှိ အခြားနေရာတွေမှာ တရုတ်လူမျိုးတွေကို တိုက်ခိုက်မှုအချို့ လုပ်ခဲ့ဖူးပါတယ်။
ပါကစ္စတန်မှာ ထောင်နှင့်ချီသော တရုတ်လူမျိုးတွေနေထိုင် အလုပ်လုပ်ကိုင်ကြပြီး အများစုမှာ ဘေကျင်းရဲ့ ဒေါ်လာဘီလီ ယံပေါင်း များစွာ တန်ဘိုးရှိတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာလည်း လုပ်ကိုင်နေကြတာပါ။
ဘေဂျင်းဟာ ဒေသခံတွေကို ဘာမှမပေးဘဲ ဒေသရဲ့သယံဇာတများကို အသုံးချနေတယ်လို့ ယုံကြည်တာကြောင့် ခွဲထွက်ရေး ပါတီ BLA ကတော့ ပြည်နယ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်နေတာလည်း ဖြစ်ပါတယ်။
ဧပြီလအတွင်းက ကရာချီတက္ကသိုလ်ကျောင်းဝင်းအတွင်း ဗင်ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသား သုံးဦးနှင့် သူတို့ရဲ့ ပါကစ္စတန်ယာဉ်မောင်းတို့ သေဆုံးခဲ့ရတာပါ။
တရုတ်လူမျိုးတွေကို တိုက်ခိုက်ဖို့အတွက် အမျိုးသမီးအသေခံဗုံးခွဲသ မားတွေကို အသုံးပြုခဲ့ကြသလို နောင်များမှာတော့ အဲဒီလို မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ BLA မှပြောဆိုထားခဲ့ပါတယ်။
တရုတ်နိုင်ငံက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး တရုတ်လူမျိုး_ပါကစ္စတန်နိုင်ငံသားတွေအတွက် လုံခြုံရေးတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး ကလည်း ဒီပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး “ဒီလိုဖြစ်ရပ်မျိုးဟာ သည်းခံနိုင်စရာမရှိ”လို့ ကြေငြာခဲ့ပြီး တိုက်ခိုက်သူကို အမြန်ဆုံးဖမ်းဆီးနိုင်စေရန် အတွက်လည်း ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
Ref,CNA