Radio Than Lwin Times(1/9)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
လောင်းလုံး ၊ စက်တင်ဘာ (၁) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြိုနယ်၊ ညောပြင်ကျေးရွာက ငါးဖမ်းလုပ်ငန်းရှင် ဦးသိန်းဝင်း နေအိမ်ကို ချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေ ၃၀ သားနဲ့ ကျပ်သိန်း ၁၇၀ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က…
ဂန့်ဂေါ – စက်တင်ဘာ(၁) ကုန်ပစ္စည်းတွေလိုအပ်တာထက်စျေးပိုမြင့်တက်လာတာကြောင့် စစ်ဘေးရှောင်တွေစားဝတ် နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် ဂန့်ဂေါမြောက်ပိုင်းမှာ ဆန်စပါးနဲ့ ဆီသယ်ယူ ရောင်းချတာကိုယာယီကန့်သတ်လိုက်တယ်လို့ ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ အခုလိုကန့်သတ်လိုက်တာဟာ ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့အတွက်လုပ်ဆောင်ထားတာ ဖြစ်ပြီး အခြေအနေတွေတည်ငြိမ်ရင် ဖြေလျှော့မှုတွေပြန်လုပ်ပေးသွားမယ်လို့ ဆိုထားပါတယ်။ “အဓိကကတော့ ဂန့်ဂေါနယါမြောက်ပိုင်းဒေသကို ဦးတည်တာ ဖြစ်တဲ့အတွက် စောင့်ကြည့်ရာ မှာလည်း အခက်အခဲတော့ သိပ်မရှိပါဘူး။ တစ်နယ်လုံးရဲ့ ဈေးကွက်အနေအထားကို ထိခိုက် နိုင်မယ့်အလားအလာတော့…
ကိယက်ဗ် ၊ စက်တင်ဘာ (၁) နိုင်ငံတကာ အဏုမြူစွမ်းအင်ဆိုင်ရာအေဂျင်စီ (IAEA) အကြီးအကဲ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်မှုတွေဖြစ်စေတဲ့ ယူကရိန်း တောင်ပိုင်းရှိ ရုရှား ထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံသို့ သွားရောက်ဖို့ ဗုဒ္ဓဟူးနေ့က ကိယက်ဗ်မှ ထွက်ခွာလာခဲ့ပါတယ်။ ဥရောပ၏အကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇီဇီယာ နျူစက်ရုံသည် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များကြား ရှေ့တန်းတွင်တည်ရှိပြီး အဆိုပါဧရိယာသည်…
ဘန်ကောက် – စက်တင်ဘာ(၁) ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ဖို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတည်းက စတင်ဆိုင်းငံ့ထား ပြီးနောက် ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းပြီး အလုပ်သမားတွေကို ကူညီဖို့အတွက် လာမယ့် အောက်တိုဘာလ (၁) ရက်နေ့ကစပြီး ပျမ်းမျှ(၅) ရာခိုင်နှုန်းတိုးဖို့စီစဉ်ထားပါတယ်။ တစ်ရက်ကို (၃၂၈) ဘတ်(၉.၁၁) ဒေါ်လာကနေ (၃၅၄) ဘတ်အထိ နှုန်းထားအသစ်ကို စီးပွားရေး အခြေအနေပေါ်မူတည်ပြီး ပြည်နယ်(၉)…
တိုကျို – စက်တင်ဘာ(၁) ဂျပန်နိုင်ငံက တရုတ်နဲ့ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ရည်ရွယ်တဲ့ စစ်ရေးတိုးချဲ့မှု အဖြစ် တာဝေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခရုဇ်ဒုံးကျည်နဲ့ မြန်နှုန်းမြင့် ပဲ့ထိန်း ဒုံးကျည် တွေထုတ်လုပ်မှာဖြစ်တယ်လို့ ဩဂုတ်လ(၃၁) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုမှာ ဖော်ပြထားတဲ့ ဝယ်ယူရေးအစီ အစဉ်ဟာ ဂျပန်ရဲ့ ဖွဲ့စည်းပုံအရ ထိန်းချုပ်ထားတဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့အပေါ်…
ဘားအံ၊ စက်တင်ဘာ ၁ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ပြစ်ဒဏ်ကျခံနေရတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးဟာ ပြစ်ဒဏ်ရက်စေ့သွားတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ဘားအံ တောင်ကလေး အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့အန်အယ်လ်ဒီပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားလိုက်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီး ၃ ဦးမှာ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်နဲ့…
မောင်တော – စက်တင်ဘာ(၁) ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မိုင်တိုင်အမှတ်(၄၀) နားက အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်လိုက်တယ်လို့ ဩဂုတ်လ(၃၁) ရက်နေ့ ညပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ကြီးတွေအပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။ အဲ့ဒီစခန်းအပါအဝင် အနီးတဝိုက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာ ပြီးခဲ့တဲ့ဩဂုတ်လ(၂)…
ခေါဇာ ၊ စက်တင်ဘာ ၁ မွန်ပြည်နယ်၊ရေးမြို့နယ်၊ ခေါဇာမြို့ ရဲစခန်းကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) (MSDF-S) က ပထမဦးဆုံး စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပေမယ့် အရေအတွက်အတိအကျကို စုံစမ်းနေဆဲဖြစ်တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)က…
ရန်ကုန် ၊ စက်တင်ဘာ (၁) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လဆန်းပိုင်းကစပြီး အာဏာသိမ်း စစ်ကောင်စီက လုံခြုံရေး ပိုမိုတိုးမြှင့်လာသလို အများပြည်သူ သုံးဘတ်စ်ကားပေါ်တွေအထိ စစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ လုံခြုံရေးသိသိသာသာ တင်းကြပ်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း မထင်ရင်မထင်သလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းကာလတွေမှာတော့…