မော်လမြိုင် – ဩဂုတ်(၆)
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီက စစ်တရားရုံးနဲ့ အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ်လ(၅) ရက် နေ့ ရက်စွဲနဲ့ ညွှန်ကြားခဲ့ပါတယ်။
ညွှန်ကြားစာမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ စစ်တရားရုံးချုပ်နဲ့ အကျဉ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာ ကိုအရာရှိတစ်ဦးကို အမိန့်စာနဲ့ လွှဲအပ်နိုင်တယ် လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၃၀) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အစည်း အဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို စစ်တရားရုံးချုပ် နဲ့ အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အပ်နှင်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။
သတင်း – သံလွင်တိုင်းမ်