ထီးလင်း – ဩဂုတ်(၅)

တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ရုံးအဖွဲ့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ YDF- Htilin က ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

YDF-Htilin ရုံးအဖွဲ့ကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ(၁၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်းမှာ ရုံးအထိုင်ချခဲ့တာပါ။

အဲ့ဒီရုံးအဖွဲ့ဟာ တပ်တွင်းကိစ္စရပ်တွေ၊ ထီးလင်းမြို့နယ်အတွင်းက ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ကယ်ဆယ်ရေး၊ပြန်လည်နေရာချထားရေးနဲ့ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ် တွေအတွက် ရုံးအဖွဲ့ဝင်(၁၅) ဦးနဲ့ ဆောင်ရွက်နေတာဖြစ်ပါ တယ်။

လက်ရှိအချိန်မှာတော့ ရုံးအဖွဲ့အင်အားပိုမိုကျယ်ပြန့်လာတဲ့အတွက် ၂၀၂၂ ခုနှစ်ဧပြီလ(၆) ရက်နေ့က ရုံးအဖွဲ့အင်အား(၆) ဦးထပ်မံတိုးချဲ့ပြီး စုစုပေါင်း (၂၁) ဦးနဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ နယ်မြေစိုးမိုးမှုတွေရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေဆောင်ရွက်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YDF-Htilin

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.