ရန်ကုန် – ဩဂုတ်(၅) 

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက်တစ်ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး တပ်မတော်အပေါ် သဘောထားကွဲလွဲစေဖို့ အားပေးကူညီမှုနဲ့ တရားစွဲဆိုထားတယ်လို့ စစ်ေကာင်စီက ဩဂုတ်လ(၄) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်အာဏာသိမ်းပြီး တည်းက စစ်တပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားပြီး သတင်းထောက်တွေနဲ့ ဓာတ်ပုံဆရာတွေကို ဖမ်းဆီးခဲ့တဲ့အပြင် တိုင်းပြည်မငြိမ်မသက်ဖြစ် နေချိန်မှာ ရုပ်သံလွှင့်ခွင့်လိုင်စင်တွေကိုပါ ရုတ်သိမ်းခဲ့တာပါ။ 

စစ်ကောင်စီက ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့ မစ္စတာတိုရူကူဘိုတာ ကို ပုဒ်မ -၅၀၅ (က) နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃-၁ အရ တရားစွဲဆိုထားကြောင်းစစ်ကောင်စီရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က) နဲ့ တပ်မတော်အပေါ် သဘောထားကွဲလွဲမှုကို အားပေးအားမြှောက်ပြုတဲ့ ရာဇဝတ်မှုကျူးလွန်တယ်လို့ ဆိုပြီး အများဆုံး ထောင်ဒဏ်(၃) နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်သလို သူတို့ကို ဆန့်ကျင်ရင် နှိမ်နင်းဖို့အတွက် အများဆုံး အသုံးပြုတာဖြစ်ပါတယ်။ 

လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃-၁ ကိုဖောက်ဖျက်ရင် အများဆုံးထောင်ဒဏ်(၅) နှစ်အထိ ချမှတ် နိုင်ပါတယ်။ 

ရုပ်ရှင်ရိုက်ကူးသူ ကူဘိုတာ အသက်(၂၆) နှစ်ဟာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ အတူ ရန်ကုန်မြို့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ 

“သူဟာ ကျန်းမာရေးကောင်းမွန်နေပြီး သံရုံးအရာရှိတွေက သူ့ကို ထိန်းသိမ်းထားတဲ့ ရဲစခန်းကို လာရောက်လည်ပတ်နေပြီ” လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက AFP ကိုပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင်စွဲချက်တင်ပြီး နောက်ရဲအချုပ်က နေ ရန်ကုန် အင်းစိန်ထောင်ကို လွှဲပြောင်းပေးခဲ့ တယ်လို့ အမည်မဖော်လိုသူ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါသေးတယ်။ 

Flim Freeway ရဲ့ ကိုယ်ရေးအကျဉ်းအရ သူဟာ မြန်မာနိုင်ငံမွတ်ဆလင် ရိုဟင်ဂျာ လူနည်းစုနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ လူမျိုးရေးပြဿနာတွေအကြောင်း မှတ်တမ်း ရုပ်ရှင်တွေကို ယခင်က ပြုလုပ်ခဲ့ဖူးပါတယ်။ 

သူဟာ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုနေသန်မောင်၊ Danny Fenster ၊ Poland က Rebert Bociaga နဲ့ ဂျပန်နိုင်ငံက Yuki Kitazumi တို့ပြီးရင် မြန်မာနိုင်ငံ မှာဖမ်းဆီးခံထားရတဲ့ ပဥ္စမမြောက် နိုင်ငံခြား သတင်းထောက်ဖြစ်ပါတယ်။ 

ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ စစ်တပ်နဲ့ ကာလရှည်ကြာ ဆက်ဆံရေးရှိပြီး ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံ အတွက် ထိပ်တန်းအလှူရှင်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ သဘောထားကွဲလွဲမှုတွေနှိမ်နင်းမှုကြောင့် လူပေါင်း (၂၁၀၀) ကျော်သေဆုံးထား ပြီး (၁၅၀၀၀) နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်းစောင့်ကြည့်ရေးအဖွဲ့တခုက ထုတ်ပြန် ထားပါတယ်။ 

၂၀၂၂ ခုနှစ်မတ်လအထိ နိုင်င့တဝှမ်းမှာ သတင်းထောက်(၄၈) ဦးကို ဖမ်းဆီးထိန်းသိမ်းထား တ​ယ်လို့ အာဆီယံအစီရင်ခံရေး စောင့်ကြည့်ရေးအဖွဲ့က သိရပါတယ်။ 

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံထက် သတင်းထောက်တွေကို တရုတ်ကသာ ဖမ်းဆီထောင်ချခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက သိရပါတယ်။ 

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံထက် သတင်းထောက်များကို တရုတ်ကသာ ဖမ်းဆီးထောင်ချခဲ့ကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ သိရသည်။

Ref:The Straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.