August 5, 2022

သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ စစ်ကောင်စီအမှုဖွင့်

ရန်ကုန် – ဩဂုတ်(၅) အာဏာသိမ်းစစ်ကောင်စီက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေ့စံတို့ကို အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) နဲ့ အမှုဖွင့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။ သူတို့ကို မြန်မာအမျိုးသမီးတွေစောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွက်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေခဲ့တဲ့ အတွက် အရေးယူတာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒီလို အမှုဖွင့်အရေးယူခံရအောင် စစ်ကောင်စီလက်ပါးစေ ဟန်ငြိမ်းဦးတယ်လီဂရမ် ချန်နယ် ကနေ…

ထားဝယ်မှာ စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး နာရီပိုင်းအကြာမှာ လမ်းဘေး အလောင်း လာပစ်သွာ:

ထားဝယ် ၊ ဩဂုတ်(၅) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်မှာ စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာမှာ လမ်းဘေး အလောင်း လာပစ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှာ နေထိုင်နေတဲ့ ကနက်သီရိကျေးရွာသား အသက် (၅၀) နှစ်အရွယ် ဦးစိုးမြင့်ကို စစ်ကောင်စီတပ်က သြဂုတ်လ (၄) ရက်နေ့ ည (၁၀)…

ရေဖြူမှာ စစ်ရှောင်ကလေးငယ် တစ်ဦး အချိန်မှီဆေးကုသခွင့်မရတာကြောင့် သေဆုံး

ရေဖြူ ၊ သြဂုတ် ၅ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တစ်ဦး အချိန်မှီဆေးကုသခွင့်မရတာကြောင့် သြဂုတ်လ ၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ပြောပါတယ်။ သေဆုံးသွားသူ ကလေးငယ်မှာ အသက် ၁၁ နှစ်အရွယ် မောင်နိုးနိုးလပြည့်ဆိုသူဖြစ်ပြီး နေမကောင်းဖြစ်ရာကနေ အသက်ရှုကြပ်ပြီး အမောဖောက်လာတဲ့အတွက် ဆေးရုံတင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် လမ်းခရီးအခက်အခဲကြောင့်သေဆုံးသွားတာ ဖြစ်ပါတယ်။ “ကလေးကနဂိုကတည်းက…

ရေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

ရေး ၊ ဩဂုတ် ၅ မွန်ပြည်နယ်၊ သံဖြူဇရပ်ကနေ ရေးဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်သုံးစီးကို မိုင်တိုင် ၆၃ အနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။ ရေးမြို့နယ် အောင်သာယာနဲ့ ကနင်ကမော့ကျေးရွာကြားမှာ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီရဲ့ Faw ကားနှစ်စီးနဲ့…

ထီးလင်း – ဩဂုတ်(၅) တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ ရုံးအဖွဲ့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ YDF- Htilin က ဒီနေ့ ဩဂုတ်လ(၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ YDF-Htilin ရုံးအဖွဲ့ကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ(၁၄) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မတ်လဆန်းပိုင်းမှာ ရုံးအထိုင်ချခဲ့တာပါ။ အဲ့ဒီရုံးအဖွဲ့ဟာ တပ်တွင်းကိစ္စရပ်တွေ၊ ထီးလင်းမြို့နယ်အတွင်းက ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ကယ်ဆယ်ရေး၊ပြန်လည်နေရာချထားရေးနဲ့ တရား ဥပဒေစိုးမိုးရေးဆိုင်ရာ…

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP ပြော

စစ်တွေ ၊ ဩဂုတ်(၅) ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေအိမ်မှာ ရှိနေတဲ့ ဒုတိယဗိုလ်မှူးကြီး…

အာဆီယံနှင့် ဂျပန်တို့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စီစဉ်

ဘန်ကောက် ၊ သြဂုတ် (၅) ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တို့မှ နိုင်ငံခြားရေးဝန်ကြီးများဟာ ဒေသတွင်း ရေပိုင်နက်အတွင်း တရုတ်နိုင်ငံရဲ့ အင်အားပြသမှုကို တန်ပြန်သည့်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ရေကြောင်းလုံခြုံရေးကို မြှင့်တင်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြာသပတေးနေ့မှာ ကတိပြုခဲ့ကြပါတယ်။ ဖနွမ်းပင်မှာ အာဆီယံအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက အရှေ့နှင့် တောင်တရုတ်ပင်လယ်အတွင်း လက်ရှိအနေအထားကို အင်အားသုံးပြီး တစ်ဖက်သတ်ပြောင်းလဲရန်…

အတိုက်ခံတွေကို အားပေးတယ်ဆိုပြီး ဂျပန်သတင်းထောက်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ရန်ကုန် – ဩဂုတ်(၅) မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက်တစ်ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ဖောက်ဖျက်ပြီး တပ်မတော်အပေါ် သဘောထားကွဲလွဲစေဖို့ အားပေးကူညီမှုနဲ့ တရားစွဲဆိုထားတယ်လို့ စစ်ေကာင်စီက ဩဂုတ်လ(၄) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အာဏာသိမ်းပြီး တည်းက စစ်တပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားပြီး သတင်းထောက်တွေနဲ့ ဓာတ်ပုံဆရာတွေကို ဖမ်းဆီးခဲ့တဲ့အပြင် တိုင်းပြည်မငြိမ်မသက်ဖြစ် နေချိန်မှာ ရုပ်သံလွှင့်ခွင့်လိုင်စင်တွေကိုပါ ရုတ်သိမ်းခဲ့တာပါ။ စစ်ကောင်စီက…

မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားကင်းစင်ရေး ပံ့ပိုးကူညီပေးမယ်လို့ နန်စီပလိုစီ ကတိပြု

ဆိုလ်း – ဩဂုတ်(၅) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီနဲ့ သူ့ရဲ့ ဆွေးနွေးဘက် တောင်ကိုရီးယား လွှတ်တော် ဥက္ကဌ တို့ဟာ မြောက်ကိုရီးယားနိုင်ငံကို ပြင်းထန်တဲ့ ဟန့်တားမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ရဲ့ နျူကလီးယား ကင်းစင်ရေး အောင်မြင်ဖို့ ကတိပြုခဲ့ ကြပါတယ်။ ပလိုစီဟာ တောင်ကိုရီးယားလွှတ်တော်ဥက္ကဌ ကင်ဂျင်ပျိုနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့…