ဝါရှင်တန် – ဇူလိုင်(၁၇) 

အမေရိကန်နိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနက ဒေါ်လာ(၁၀၈) မီလျံတန်ဖိုးရှိတဲ့ စစ်သုံး အထောက် အကူပြု အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ပင်တဂွန်က ဇူလိုင်လ (၁၅) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

တရုတ်အစိုးရက ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှဒအောက်မှာ ရှိဖို့အတွက် စစ်တပ်ကို အသုံး ပြုမှုကို မငြင်းဆန်ထားပဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် ဘေဂျင်းက စစ်ဘက်ဆိုင်ရာ ဖိအားတွေကို တိုးမြှင့်အသုံးပြုလာကြောင်းကိုလည်း ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ ထားရတဲ့ အစိုးရက ပြောဆိုထားပါတယ်။ 

အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်ဝမ်နဲ့ တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးသာရှိပေမယ့် ထိုင်ဝမ်ဟာ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့အတွက် ဝါရှင်တန်က ထောက်ပံ့ပေးမှာဖြစ်တယ် လို့အမေရိကန်ရဲ့​ဥပဒေအရ ပြောဆိုထားပြီး သမ္မတဘိုင်ဒန်က ကျွန်းနိုင်ငံနဲ့ စေ့စပ်မှုကို တိုးမြှင့် သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ 

ထိုင်ဝမ်အစိုးရဟာ တင့်ကားတွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေအတွက် အပိုပစ္စည်းနဲ့ ပြန်လည်အစား ထိုးရမယ့် အစိတ်အပိုင်းတွေအပါအဝင်စစ်ဘက်ဆိုင်ရာ အထောက်အကူပြုမှု တစ်ရပ်ကို အမေ ရိကန်အစိုးရနဲ့ နည်းပညာ၊ပို့ဆောင်ရေးဆိုင်ရာ ကန်ထရိုက်တာတွေကို တောင်းဆိုထား ပါတယ်။ 

“ရောင်းပေးချရန် အဆိုပြုထားသော အစီအစဥ်တွင် ဝယ်ယူသူ၏ ယာဥ်များနှင့် အသေးစား လက်နက်များ၊ တိုက်ခိုက်ရေးဆိုင်ရာ လက်နက်စနစ်များ၏ ရည်ရှည်တည်တံ့မှုကို အ‌ထောက် အပံ့ပြုရန်ဖြစ်ပြီး (ယင်းယန္တရားများ) ကို သယ်ယူပို့‌ဆောင်ရေးအတွက် အထောက်အကူပြု ပစ္စည်းများ၊ လက်ရှိနှင့် အနာဂတ်ကာလအတွင်းကြုံတွေ့ရမည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖို့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ ပါဝင်သည်” လို့ ပင်တဂွန်ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အမေရိကန်နိုင်ငံအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားတာ၊ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ သဘောတူညီမှုကိစ္စတွေနဲ့ ပတ်သက်ပြီး အသိပေးပြောဆို ထားတာတော့ မရှိပါ ဘူး။ 

တချို့သော အမေရိကန် စီးပွားရေး အစုအဖွဲ့တွေက ဘိုင်ဒန်အစိုးရရဲ့ ထိုင်ဝမ်နိုင်ငံကို လက်နက် ရောင်းချရေး မူဝါဒကို ဝေဖန်ထားပြီး တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ ကနေ တဆင့်မြင့်တက်လာတဲ့ စိန်ခေါ်မှု တွေကို ပြတ်သားစွာ ဖြေရှင်းဖို့အပြင် ပျက်ကွက်တာတွေအတွက်လည်း ပြစ်တင် ပြောဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.