ဆိုးလ် – ဇူလိုင်(၁၇) 

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသေဆုံးမှုကြောင့် ဂျပန်နိုင်ငံရဲ့ ဦးစားပေးမူဝါဒတွေ ပြောင်းလဲမှာ စိုးရိမ်မှုတွေရှိနေတဲ့အတွက် နှစ်နိုင်ငံကြား သမိုင်ဝင်အငြင်းပွားမှုတွေ ကျော်လွှား နိုင်ဖို့ ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လာမယ့်သီတင်းပတ်အတွင်း မျှော်လင့်ထားတယ် လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ 

ဂျပန်ရဲ့ ၁၉၁၀ – ၁၉၄၅ ခုနှစ် ကိုရီးယားကို သိမ်းပိုက်မှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကြောင့် မြောက်အာရှ အမေရိကန် မဟာမိတ်နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးတင်းမှာနေခဲ့တာပါ။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုနဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုမြင့်တက်လာတာ ကိုရင်ဆိုင်ဖို့အတွက် နှစ်နိုင်ငံအငြင်းပွားမှုတွေကိုဖြေရှင်းဖို့ အမေရိကန်က ဖိအားပေးနေတာ ဖြစ်ပါတယ်။ 

တောင်ကိုရီးယားသမ္မတသစ် ယွန်းဆုခ်ယိုက ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ စေဖို့ကတိပြုထားပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့အတွက် သူတို့ ရဲ့ မူဝါဒအစီအစဉ်ကို နောက်ထပ်သုံးနှစ်အထိ မြှင့်တင်နိုင်စေဖို့ နယ်ပယ်ပို၍ပေးစွမ်းနိုင်လိမ့်မယ်လို့ သမ္မတရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတွေက ရိုက်တာကို ပြောပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ပါ့ခ်ဂျင်းဟာ ဇူလိုင်လ(၁၈) ရက်ကနေ (၂၀) ရက်နေ့အထိ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး အဲ့ဒီခရီးစဉ်ဟာ ယွန်ရဲ့ လက်အောက်မှာရပ်တန့်နေတဲ့ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဂျပန်မူဝါဒနဲ့ ပတ်သက်ပြီး ကိုင်တွယ်နေတဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ 

ပါ့ခ်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှိရှီမာ ဆာဟာယာရှီနဲ့ တွေ့ဆုံပြီး ကိုရီးယား ကျွန်းဆွယ်မှာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တယ်လို့ တောင်ကိုရီးယား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က မဲဆွယ်စည်းရုံးရေးပြုလုပ်စဉ်ပစ်သတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးအတွက် လူထုအောက်မေ့ဖွယ်အခမ်းအနားကို သမ္မတ ယွန်းက အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ကို စေလွှတ်သွားဖို့ ရှိတယ်လို့ တောင်ကိုရီးယားအရာရှိက ပြောခဲ့ပါတယ်။ 

“ကျွန်တော်တို့ ကြိုးစားနေတာက စစ်မှန်တဲ့ဆွေးနွေးပွဲအတွက် တံခါးဖွင့်ပေးဖို့ပါပဲ” လို့ အကြီးတန်းအရာရှိက ပြောခဲ့ပါတယ်။ 

ဒါ့ပြင် သမ္မတဟာ ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးအထိမ်းအမှတ်ဖြစ်တဲ့ ဩဂုတ်လ (၁၅) ရက် လွတ်လပ်ရေးနေ့မိန့်ခွန်း ကို ဂျပန်သို့ ပြန်လည်သင့်မြတ်ရေးသဝဏ်လွှာပေးပို့ဖို့ အခွင့်အလမ်း အဖြစ် အသုံးပြုဖွယ်ရှိတယ်လို့ အရာရှိက ပြောပါသေးတယ်။ 

ဂျပန်နိုင်ငံရေးမှာ ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကိုရီးယားအရေးမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့ အာဘေးလုပ်ကြံသတ်ဖြတ်ခံရမှုဟာ စစ်ပွဲအတွင်း ခါးသီးတဲ့ ဖြစ်ရပ်တွေ ရှိနေတဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ သံသယဖြစ်စရာတွေ ပိုတိုးလာခဲ့ ပါတယ်။ 

ဂျပန်တပ်တွေကို နိုင်ငံရပ်ခြားမှာ တိုက်ခိုက်ခွင့်ပြုဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးအပါအဝင် အာဘေးရဲ့ လက်တွေ့မဆန်တဲ့ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ဂျပန်ဝန် ကြီးချုပ် ဖူမီယိုကီရှီဒါက တွန်းအားပေးနေချိန် ကိုရီးယားကို နောက်ကျောမှာထားနိုင် တယ်လို့ သုံးသပ်သူတချို့က ဆိုပါတယ်။ 

ဒါပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးဟာ အလားအလာရှိတဲ့ အခန်းကဏ္ဍ က ပါဝင်နေတဲ့အတွက် သူ့ရဲ့ ဖိအားပေးမှုတွေကြောင့် ဂျပန်အနေနဲ့ ဆွေးနွေးမှုကို ဆန္ဒရှိနေတယ် လို့ တချို့သော ကိုရီးယားအရာရှိတွေက ယူဆထားကြပါတယ်။ 

“ပိုမိုအားကောင်းတဲ့ သုံးနိုင်ငံဆက်ဆံရေးမှာ အလားအလာကောင်းတွေကို ကျွန်တော်တို့ မြင်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချိုလတ်က ရိုက်တာကို ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.