နေပြည်တော်  – ဇူလိုင်(၁၆) 

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားအရန်ငွေထားရှိမှု လျော့နည်းလာတာကနေ ကာကွယ်နိုင်ဖို့ နိုင်ငံခြားငွေကြေးတွေကို ချေးယူထားတဲ့ ကုမ္ဗဏီတွေနဲ့ တစ်သီးပုဂ္ဂလတွေအနေနဲ့ ပြန်လည် ပေးဆပ်ဖို့ ကို ရွှေ့ဆိုင်းရမှာဖြစ်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံခြားငွေလဲလှယ်တဲ့ လိုင်စင်ရှိတဲ့ ဘဏ်တွေကို ပေးပို့ထားတဲ့စာမှာ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဝင်းသော်က အမျိုးအစားစုံလင်တဲ့ နိုင်ငံခြားငွေကြေးကို ငွေသားဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ မဆို ချေးငှားရယူထားတဲ့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ အတိုးအရင်း ပြန်လည်ပေးဆပ်ဖို့ ရွှ့ဆိုင်းထားကြရမှဦဖြစ်တယ််လို့ ညွှန်ကြားခဲ့တာပါ။ 

စစ်ကောင်စီညွှန်ကြားချက်မှာ လိုင်စင်ရ ဘဏ်တွေလည်း ပါဝင်လာပြီး သက်ဆိုင်ရာ ဘဏ်တွေ ကတဆင့် ပြည်ပနိုင်ငံက ချေးငွေထုတ်ပေးသူတွေဆီက နိုင်ငံခြားငွေကြေးရယူထားတဲ့ စီးပွား ရေးမိတ်ဖက်တွေအနေနဲ့ အကြွေးပေးဆပ်ရမယ့် အချိန်ကာလတွေကို ပြန်လည် ပြင်ဆင်ထား ရမှာဖြစ်တယ်လို့သိရပါတယ်။ 

အမေရိကန်ဒေါ်လာ (၁.၂) ဘီလျံအထိရှိတဲ့ ချေးငွေပမာဏကို မြန်မာနိုင်ငံအတွင်းက ကုမ္ပဏီတွေ က ချေးယူထားပြီး အဲ့ဒီထဲမှာ တယ်လီကွန် ကုမ္ပဏီဖြစ်တဲ့ အော်ရီဒူးမြန်မာ၊ အိမ်ခြံမြေလုပ်ငန်းစု City Square Commercial ကုမ္ပဏီ၊ တယ်လီကွန်တာဝါတိုင်တည်ဆောက်ရေး ကုမ္ပဏီတွေဖြစ် တဲ့ အပိုလိုတာဝါ(မြန်မာ)နဲ့ အစိမ်ရောင်ဧရာဝတီတို့ ပါဝင်ပါတယ်။ 

စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ဒေါ်လာစျေးနဲ့ နှိုင်းယှဉ်ရင် မြန်မာငွေကြေးတန်ဖိုး ကျဆင်းလာချိန်မှာ စစ်ကောင်စီဟာ နိုင်ငံခြားငွေလဲလှယ် ရေးဆိုင်ရာ စည်းမျဉ်းတွေကို ပိုမိုတင်းကြပ်လာခဲ့ပါတယ်။ 

နိုင်ငံတကာ ငွေကြေးတန်ဖိုးမငြိမ်မသက်ဖြစ်မှဒကို ကာကွယ်နိုင်ဖို့ ဧပြီလအတွင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဆောင်ရွက်ချက်အတိုင်း ပြည်ပငွေကြေးရယူလိုသူတွေဟာ ဗဟိုဘဏ် စျေးနှုန်း (၁၈၅၀) ကျပ်ကို တစ်ဒေါ်လာနှုန်းနဲ့ လဲလှယ်နေရတာပါ။ 

စစ်ကောင်စီက နိုင်ငံခြားငွေကြေး အရန်ထားရှိမှုကို ကာကွယ်နိုင်ဖို့ ကားနဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ လောင်စာ၊စားသုံးဆီတင်သွင်းမှုတွေကို ပိတ်ပင်ထားခဲ့ပြီး တရုတ်နဲ့ ထိုင်နယ်စပ်တစ်လျှောက် မှာတော့ ယွမ်နဲ့ ဘတ်ငွေ အသုံးပြုမှုကို တရားဝင်ခွင့်ပြုပေးထားပါတယ်။ 

နိုင်ငံခြားငွေကြေးအရင်းအနှီးကို မြှင့်တင်နိုင်ဖို့ ဇူလိုင်လ(၁၄) ရက်နေ့က စစ်ကောင်စီ ဗဟိုဘဏ် က အလုံးစုံပိုင်ဆိုင်နိုင်တဲ့ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစုတွေနဲ့ အကျိုးတူ လုပ်ငန်းတွေဝင်ရောက်ခွင့်ကို ပြည်ပအခြေစိုက်လုပ်ငန်းအစုအဖွဲ့တွေကို ခွင့်ပြုထားခဲ့တယ်လို့ သိရပါတယ်။ 

အစောပိုင်းက စစ်ကောင်စီဟာ တင်းကြပ်တဲ့ နိုင်ငံခြားငွေကြေးလဲလှယ်ရေးဥပဒေအတိုင်း နိုင်ငံခြားသားပိုင်ဆိုင်မှု အနည်းဆုံး(၁၀) ရာခိုင်နှုန်းရှိတဲ့ ကုမ္ပဏီတွေအတွက် အခွန် ကင်းလွတ် ခွင့်ကို ပိတ်ပင်ထားပါတယ်။ 

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် ပြည်တွင်း၊ ပြည်ပ အကြွေးပေးချမှုပမာဏ ဟာ အမေရိကန်ဒေါ်လာ (၇၀၀) မီလျံရှိတယ်လို့ သတင်းထောက် တွေကို ပြောဆိုထားပါတယ်။ 

The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.