စင်ကာပူ ၊ ဇူလိုင် (၁၆)

သီရိလင်္ကာသမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာသည် မော်လ်ဒိုက်မှတဆင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး နာရီအနည်းငယ်အကြာမှာပင် နှုတ်ထွက်စာ တင်သွင်းခဲ့တယ်လို့ ပါလီမန် ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

ထိုကြေငြာချက်သည် နိုင်ငံရဲ့ စီးပွားရေးမြို့တော် ကိုလမ်ဘိုမြို့ရှိ ပြည်သူလူထုများကို အဆမတန် ပျော်ရွှင်မှုများဖြစ်ပေါ်စေခဲ့ပါတယ်။ 

တက်ကြွလှုပ်ရှားသူအမျိုးသမီးလူငယ်တစ်ဦးက “တစ်နိုင်ငံလုံးက ဒီနေ့မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပ ကြမှာပါ။ ဒါက အကြီးစား အောင်မြင်မှုပါ။ ကျွန်မတို့နိုင်ငံဟာ သူတို့လက်ထဲက ပြန်လွတ်မြောက်လာ လိမ့်မယ်လို့ တစ်ခါဖူးမှ မထင်ခဲ့မိဘူး” လို့ ဆိုပါတယ်။ 

ရာဂျာပက်ဆာသည် ဗုဒ္ဓဟူး‌နေ့မှာ မော်လ်ဒိုက်သို့ ရောက်ရှိနေခဲ့ပြီး ဆော်ဒီအာရေးဗျလေကြောင်း လိုင်းဖြင့် ကြာသပတေးနေ့က စင်ကာပူသို့ထွက်ခွာသွားခဲ့တယ်လို့ ယင်းမိသားစုနှင့် နီးစပ်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

သမ္မတဂိုဒါဘာရာနှင့် သူရဲ့ ဇနီးသည်ကို သယ်ဆောင်လာသော သီရိလင်္ကာလေတပ်ပိုင် လေယာဥ်တစင်းသည် ကွင်းချိန်ပြုလုပ်ရန်အတွက် ရောက်ရှိလာချိန်မှာ သံတမန်ရေးအရ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မော်ဒိုက်အစိုးရမှ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ရာဂျာပက်ဆာသည် တစ်ကိုယ်ရည် အလည်အပတ်ခရီးအတွက် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ခိုလှုံခွင်တောင်းခံခြင်း သို့မဟုတ် ပေးအပ်ခြင်း မပြုခဲ့ဘူးလို့ ဆိုပါတယ်။ 

သီရိလင်္ကာရဲ့ လက်ရှိဝန်ကြီးချုပ် ရာနေးလ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ရန် ရာဂျာပက်ဆာရဲ့ ဆုံးဖြတ်ချက်က ဆန္ဒပြမှုများကို ပိုမိုမြင့်တက်လာစေခဲ့တာ ဖြစ်ပါတယ်။

ပါလီမန်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည် အသက် ၂၉ နှစ်အရွယ် သုံးဘီးယာဥ်မောင်းတစ်ဦးက “ကျုပ်တို့က ရာနေးလ်ကိုလည်း အိမ်ပြန်စေချင်တာပါ။ သူတို့တွေ တိုင်းပြည်ကို သူများဆီ ရောင်းပြီးပြီး။ ဒီအာဏာကို လွှဲပြောင်းရယူဖို့ ပိုကောင်းတဲ့ လူတစ်ယောက်ကိုလိုအပ်တယ်၊ မရမချင်းအထိလည်း ဒီလှုပ်ရှားမှုတွေကို ရပ်တန့်သွားဖို့ မရှိဘူး”လို့ ပြောကြားခဲ့ပါတယ်။ 

Ref :Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.