ဒမားစကပ် – ဇူလိုင်(၁၄) 

ISIS စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်ငါးဦးမှာပါဝင်တဲ့ ဆီးရီးယားက ခေါင်းဆောင် တစ်ဦးဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ 

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း မဟာ အယ်လ်အာဂါ သေဆုံးခဲ့တာဖြစ်တယ်လို့ အမေရိကန်ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူ့ရဲ့အနီးကပ်တွဲဖက်တစ်ဦးကတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ 

“အောင်မြင်စွာ ကွပ်မျက်မှုသေချာစေရန် ဤစစ်ဆင်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ ကနဦးသုံးသပ်ချက်တွင် အရပ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဖော်ပြသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အယ်လ်အာဂါစာ အီရတ်နဲ့ဆီးရီးယားပြင်ပ က ISIS ကွန်ယက်တွေထူထောင်ရာမှာ တာဝန်ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။

နယ်မြေဆုံးရှုံမှုတွေကြောင့် ပြောက်ကျားတပ်ဖွဲ့အဖြစ်ပြန်လည်ဖွဲ့စည်းဖို့ အစ္စလာမစ်သောင်း ကျန်းသူအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေအတွက် ဒီကီစ္စဟာ နောက်ထပ်ထိုးနှပ်ချက်ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ တပ်ဖွဲ့ဝင်(၉၀၀) လောက်ဆီးရီးယားနိုင်ငံမှာ ရှိနေပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က (၈) နှစ်ကြာစစ်ဆင်ရေးအတွက် သူတို့ရဲ့ ရေရှည်အစီအစဉ် ကိုအသေးစိတ်ဖော်ပြထားတာမရှိသေးပါဘူး။ 

အလက်ပိုဒေသမြောက်ပိုင်း ကျေးလက်ဒေသက ခယ်လ်တန်ရွာမှာ အမည်မသိ ဒရုတ်းတစ်စီးက မော်တော်ဆိုင်ကယ်တစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ အတိုက်အခံတွေထိန်းချုပ်ထားတဲ့ ဒေသတွေမှာလုပ်နေတဲ့ ဆီးရီးယားအရပ်ဘက်ကာကွယ်ရေး အဖွဲ့က ပြောဆိုခဲ့ပါတယ်။ 

အမေရိကန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မော်တော်ဆိုင်ကယ်တစ်စီးကို မဖော်ပြထား ပဲ မဟာနဲ့အနီးကပ်ဆက်ဆံရေးရှိတဲ့ ISIS အကြီးတန်းအရာရှိတစ်ဦးဟာ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

၂၀၁၄ ခုနှစ်ကနေ၂၀၁၇ ခုနှစ်အတွင်း အစ္စလာမစ်အဖွဲ့ဟာ လူသန်းပေါင်းများစွာကို အုပ်စိုးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဒါဇင်နဲ့ချီတဲ့ မြို့တွေကို တိုက်ခိုက်ခဲ့တဲ့အတွက်တာဝန်ရှိတယ်လို့ ပြောဆိုထား ပါတယ်။ 

IS ခေါင်းဆာင်အဘူဘာကာ အယ်လ်ဘတ်ဒါဒီဟာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ၂၀၁၄ ခုနှစ်က အီရတ်နဲ့ ဆီးရီးယားရဲ့လေးပုံတစ်ပုံကို စော်ဘွားအစိုးရအဖြစ်ကြေညာခဲ့ ပြီး ၂၀၁၉ ခုနှစ်မှာတော့ အမေရိကန်အထူးတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ပါတယ်။ 

“ISIS ဟာ အမေရိကန်နဲ့ ဒေသတွင်း မိတ်ဖက်တွေကို ခြိမ်းခြောက်မှုအဖြစ် ဆက်ပြီး ကိုယ်စား ပြုနေပါတယ်” လို့ အမေရိကန် ဗဟိုဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ဒရုန်းတိုက်ခိုက်မှု နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ 

ပြည်တွင်းတိုက်ခိုက်ရေးသမားတွေကတော့ အခွင့်အလမ်းတစ်ခုပေါ်ပေါက်လာရင် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုတာတွေရှိနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.