July 14, 2022

မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရရှိရေး ထောက်ခံအားပေးနေမယ်လို့ မွန်ဂိုလီးယားသမ္မတဟောင်းပြော ဆို

မော်လမြိုင် – ဇူလိုင်(၁၄) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံယာယီသမ္မတဒူဝါလရှီးလနဲ့ မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin Elbegdorj တို့ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ(၁၃) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တွေ့ဆုံပွဲမှာ မွန်ဂိုလီးယားသမ္မတဟောင်း Elbegdorj က လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာနိုင်ငံသားတွေအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေးနေ မှာဖြစ်တယ်လို့ ယာယီသမ္မတကို…

ထားဝယ်မှာ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်

ထားဝယ် ၊ ဇူလိုင်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်မှာ လူငယ်တစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းက သေဆုံးသွားတဲ့ အသက် ၂၂ နှစ်အရွယ် ကိုပိုင်ပိုင်တို့ လူငယ်တစ်စုဟာသူငယ်ချင်းနေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။…

ပြည်သူလူထုအတွက် လုံခြုံတဲ့ ကြားခံနယ်မြေ တည်ဆောက်ရေး ကြိုးပမ်းမယ်လို့ KNU ထုတ်ပြန်

ကျောက်ကြီး ၊ ဇူလိုင်(၁၄) နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူလူထုအတွက် လုံခြုံတဲ့ ကြားခံနယ်မြေ တည်ဆောက်ရေးနဲ့ လေယာဉ်မပျံသန်းရ နယ်မြေတွေ ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ခုခံတော်လှန်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ကေအဲန်ယူ-ကျောက်ကြီး မြို့နယ်က ထုတ်ပြန်ပါတယ်။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလုပ်ဆောင်နေတဲ့ အတွက်ကြောင့်…

ဒီးမော့ဆိုမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ဒီးမော့ဆို ၊ ဇူလိုင် (၁၄) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းက ဒီးမော့ဆိုမြို့မရဲစခန်းကို Hijet အဖြူရောင်ကား (၂) စီး အသုံးပြုပြီး ရိက္ခာလာပို့တဲ့…

မြန်မာတောင်ပိုင်းဒေသမှာ ဇွန်လအတွင်း အရပ်သားပြည်သူ ၂၀ နီးပါး သတ်ဖြတ်ခံရ

မော်လမြိုင် ၊ ဇူလိုင် (၁၄) မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက အရပ်သားပြည်သူ ၂၀ နီးပါးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ ဇွန်လအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၁၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို…

အာဏာသိမ်းမှုကြောင့် အခြေခံလူတန်းစားပြည်သူတွေ ထမင်းနပ်မှန်ဖို့ပင် အနိုင်နိုင်ဖြစ်လာ

မော်လမြိုင် ၊ ဇူလိုင် (၁၃) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အခြေခံလူတန်းစားပြည်သူတွေဟာ မိသားစု စားဝတ်နေး အကျပ်အတည်းကို အကြီးအကျယ် ရင်ဆိုင်နေရပြီး ထမင်းနပ်မှန်ဖို့ပင် အနိုင်နိုင်ဖြစ်လာတယ်လို့ အခြေခံလူတန်းစား ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခြေခံလူတန်းစား ပြည်သူတွေက စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ အလုပ်အကိုင် ရှားပါးလာတာနဲ့ စစ်ကောင်စီက…

မော်လမြိုင်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးနောက် အမျိုးသား တစ်ဦး သေဆုံး

မော်လမြိုင် ၊ ဇူလိုင် (၁၄) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဒေါင်းဇရပ်ရပ်ကွက်မှာ ရပ်ကွက်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးနောက် အမျိုးသား တစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ရပ်ကွက်အတွင်း ထိုးပေးနေတဲ့…

အင်ဒိုနီးရှားမှ စင်ကာပူသို့ ကြက်သားတန်ချိန် တန် ၅၀ ပထမဆုံးအကြိမ် တင်ပို့ခဲ့

ဂျာကာတာ ၊ ဇူလိုင် (၁၄) အင်ဒိုနီးရှားကုမ္ပဏီများအတွက် ကြက်သားကို စင်ကာပူနိုင်ငံသို့ တင်ပို့ရန် အစီအစဉ်သစ်အရ ရေခဲရိုက်ကြက်သား တန်ချိန်ငါးဆယ်ကို အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃ ရက်) နေ့က ပထမဆုံး တင်ပို့ခဲ့ပါတယ်။ ထိုင်းအခြေစိုက် စားသောက်ကုန်လုပ်ငန်းစုဖြစ်သည့် Charoen Pokphand ရဲ့။ လက်အောက်ခံဖြစ်သည့် Charoen Pokphand Indonesia (CPI)…

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားက ISIS ခေါင်းဆောင်တစ်ဦးသေဆုံး

ဒမားစကပ် – ဇူလိုင်(၁၄) ISIS စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်ငါးဦးမှာပါဝင်တဲ့ ဆီးရီးယားက ခေါင်းဆောင် တစ်ဦးဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း မဟာ အယ်လ်အာဂါ သေဆုံးခဲ့တာဖြစ်တယ်လို့ အမေရိကန်ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူ့ရဲ့အနီးကပ်တွဲဖက်တစ်ဦးကတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ “အောင်မြင်စွာ ကွပ်မျက်မှုသေချာစေရန် ဤစစ်ဆင်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့်…

ထိုင်းဆူရတ်ဌာနီခရိုင်က လိင်အလွဲသုံးစားလုပ်တယ်လို့စွပ်စွဲခံထားရသူတွေရဲတပ်ဖွဲ့မှာ လာရောက်ဖြေရှင်း

ဘန်ကောက် – ဇူလိုင်(၁၄) ကလေးသူငယ်နဲ့ လူငယ်ရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်နဲ့ ကလေးသူငယ် ရောင်းဝယ်မှုမှာပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆူရတ်ဌာနီခရိုင်က ကလေးသူငယ်နဲ့ မိသားစုရေးရာ ကယ်ဆယ်ရေးစင်တာရဲ့ တာဝန်ရှိသူတို့ဟာ ရဲတပ်ဖွဲ့ထံကိုလာရောက်ဖြေရှင်းခဲ့ ကြပါတယ်။ အသက်(၅၅) နှစ်အရွယ်ဖိဆစ်ပွန်ပီပတ်နဲ့ အသက်(၃၃) နှစ်အရွယ်ဆူဝတ်ဖာအိုဖန် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လိင်ကုန်ကူးတဲ့ကွင်းဆက်နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဆူရက်ဌာနီခရိုင် ဒေသန္တရ က နေရာ(၁၈) နေရာကို ရဲတပ်ဖွဲ့က…