ရှန်ဟိုင်း – ဇူလိုင်(၁၂) 

အိုမီခရွန်အမျိုးအစားသစ်(BA.5.2.1) ပါဝင်တဲ့ ကိုဗစ်ဖြစ်ပွားမှုကို ရှန်ဟိုင်းမြို့မှာ တွေ့ရှိခဲ့ တယ်လို့ ဇူလိုင်လ(၁၀) ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ 

ဒီတွေ့ရှိမှုဟာ တရုတ်နိုင်ငံမှာ ကိုဗစ်သုညမူဝါဒနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးမှုတွေကို အချက်ပြလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၈) ရက်နေ့က တွေ့ရှိခဲ့တဲ့ ပူဒေါင်းခရိုင်းအတွင်းက ကူးစက်မှုသံသယရှိသူဟာ နိုင်ငံပြင်ပက သံသယလူနာနဲ့ ဆက်စပ်နေတယ်လို့ မြို့နယ်ကျန်းမာရေးကော်မရှင်ရဲ့ ဒုညွှန်မှူး က ပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံအရှေ့ပိုင်းက ရှန်ဟိုင်းမြို့မှာ ကူးစက်မှု ကွင်းဆက်အသစ်တွေထွက်ပေါ်လာပြီး နောက်မှာတော့ ပိုမိုပြင်းထန်တဲ့ကန့်သတ်ချက်တွေ ချမှတ် ပြီး အဆောက်အုံတွေနဲ့ ကွန်ပေါင်းတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။ 

“ကျွန်ုပ်တို့၏မြို့ဟာ မကြာသေးမီကမှ ဒေသတွင်းကူးစက်မှုမှ ကိုဗစ် Positive စမ်းသပ်တွေ့ရှိမှု နောက်ထပ်အစီရင်ခံခြင်းကို ဆက်လက်တင်ပြခဲ့ပြီး လူမှုအသိုက်အဝန်းမှတစ်ဆင့် ကူးစက်ပျံ့နှံ့ မှုအန္တရာယ်မှာ အလွန်မြင့်မားနေဆဲဖြစ်တယ်” လို့ ရှန်ဟိုင်းကျန်းမာရေးကော်မရှင် ကသတိပေး ခဲ့ပါတယ်။ 

ရှန်ဟိုင်းမြို့ကြီးတွေမှာ နေထိုင်သူတွေအနေနဲ့ ကူးစက်မှုအသစ်တွေကို ထိန်းချုပ်နိုင်စေဖို့ ဇူလိုင် လ(၁၂) ရက်ကနေ(၁၄) ရက်အထိ ကိုဗစ်စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ရမှာဖြစ်တယ်လို့ ကျန်းမာရေး ကော်မရှင်က ပြောပါသေးတယ်။ 

နိုင်ငံရပ်ခြားမှာ ကိုဗစ်ကူးစက်မှု လှိုင်းအသစ်ဖြစ်ပေါ်စေတဲ့ (Omicrom BA.5) မျိုးကွဲဟာ တရုတ် နိုင်ငံကို ယူဂန်ဒါက ရောက်လာတဲ့ အသက်(၃၇) နှစ်အရွယ်အမျိုးသားလူနာ တစ်ဦးမှာ ပြီးခဲ့တဲ့ မေလ(၁၃) ရက်နေ့က တွေ့ရှိထားတယ်လို့ တရုတ်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးထိန်းချုပ်စင်တာ က သိရပါတယ်။ 

အိုမီခရွန်မျိုးကွဲ(BA.5) ဟာ ကူးစက်မှုနှုန်းကို အရှိန်မြှင့်ပေးပြီး ခုခံအားကျဆင်းမှုမြင့်မားတယ် လို့ ကိုဗစ်ကာကွယ်မှုဆိုင်ရာ ကျွမ်းကျင်တဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးက သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ 

ကာကွယ်ဆေးထိုးတာဟာ (BA.5) ပြင်းထန်ဖျားနာမှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ်ဖို့ ထိရောက် ဆဲဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.