ဂျာကာတာ – ဇူလိုင်(၁၂) 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက မူဝါဒရေးရာ မိန့်ခွန်းမှာ ဒေသတွင်းအင်အားကြီးနိုင်ငံတွေက စစ်တုရင်နယ်ရုပ်တွေအဖြစ် အသုံးပြုတာတွေ ကနေ ရှောင်ကြဉ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဂျကာတာမြို့က အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အတွင်းရေးမှူချုပ်ရုံးမှာ စကားပြောဆိုခဲ့တဲ့ ဝမ်က ဒေသတွင်းနိုင်ငံတွေဟာ ဘက်လိုက်ဖို့ ဖိအားပေးခံနေရတယ်လို့ ပြောဆိုထားပါတယ်။ 

“ကျွန်တော်တို့ ဒီဒေသကို ပထဝီဝင်နိုင်ငံရေး တွက်ချက်မှုတွေကနေ အကာအကွယ်ပေးသင့်တယ် အဓိက ပါဝါပြိုင်ဆိုင်မှုကနေ အကျပ်ကိုင်မှုကနေ စစ်တုရင်အပိုင်းအစတွေအဖြစ် အသုံးပြုခြင်း ကနေ အကာအကွယ်ပေးသင့်ပါတယ်” လို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ က ပြောပါတယ်။ 

အရှေ့တောင်အာရှဟာ မဟာဗျူဟာအရအရေးပါပြီး အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီဝင်နိုင်ငံ ရေးအရ သဘောထားကွဲလွဲမှု ကာလကြာရှည်စွာ တည်ရှိနေခဲ့ပြီး ဒေသတွင်းက နိုင်ငံတွေဟာ လက်ရှိမှာတော့ အမေရိကန် – တရုတ်အားပြိုင်မှုအလယ်မှာရောက်ရှိနေပါတယ်။ 

ဝမ်ရဲ့ မိန့်ခွန်းဟာ ဘာလီမှာ G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ပြီး မကြာသေးတဲ့ ရက်သတ္တပတ်တွေအတွင်း ဒေသတွင်း ရပ်တန့်နေတဲ့ တရုတ်သံသမန်ရေးရာ တင်းမာမှုတွေကြားမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

G-20  အစည်းအဝေးပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့ဟာ ငါးနာရီကြာ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ပထမဆုံး အကြိမ်ပြန်လည်တွေ့ဆုံကြတာဖြစ်ပါတယ်။ 

အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေအတွက် စည်းမျဉ်းတွေတည်ထောင်ဖို့နဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဝါဒကို ပူးပေါင်းထိန်းသိမ်းဖို့ နှစ်ဘက်စလုံးက ပြောဆိုထားတယ် လို့သိရပါတယ်။ 

“အာဆီယံဗဟိုချုပ်ကိုင်မှုကို ပံ့ပိုးဖို့၊ ရှိရင်းစွဲ ဒေသတွင်း ကော်ပိုရေးရှင်းမူဘောင်ကို ထိန်း ကျောင်းဖို့၊ အာရှ-ပစိဖိတ်ဒေသတွင်း တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို လေးစား လိုက်နာဖို့၊ တစ်ဖက်သားကို ဆန့်ကျင်ဖို့ ဒါမှမဟုတ် ချုပ်ကိုင်ဖို့ ရည်ရွယ်တာထက် အာရှ -ပစိ ဖိတ်ဒေသတွင်း အကျိုးစီးပွားတွေကို လေးစားဖို့ပါပဲ” လို့ Wang က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဝမ်က ဝါရှင်တန်ဟာ တရုတ်တစ်ပြည်တည်းမူဝါဒကို ဖောက်ဖျက်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေဖို့ ထိုင်ဝမ်ကတ်ကို ဖွင့်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါသေးတယ်။ 

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ ထိုင်ဝမ် ရေလက်ကြားကို အကြိမ်ကြိမ်လေကြောင်းစစ်ဆေင်ရေးပြုလုပ်နေတဲ့အတွက် ပြီးခဲ့တဲ့ ကာလက တရုတ်နဲ့ တိုင်ပေကြား တင်းမာမှုတွေ ရှိနေပါတယ်။ 

တရုတ်ဟာ ထိုင်ဝမ်ကို သူတို့ရဲ့ မြင့်မြတ်သောနယ်မြေ အဖြစ်သတ်မှတ်ထားပြီး ပြန်လည် ပေါင်းစည်းရေးအတွက် အင်အားအသုံးပြုမှုတွေလုပ်ဆောင်ဖို့ရှိနေတာပါ။ 

အမေရိကန်ဟာ One China ပေါ်လစီကို ကတိကဝတ်ပြုထားပြီး ထိုင်ဝမ်အတွက် လွတ်လပ်ရေး ကို အားပေမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်အမေရိကန် ဆက်ဆံရေးအက်ဥပဒေ အောက်မှာ ထိုင်ဝမ်ကိုခုခံကာကွယ်ဖို့ အမေရိကန်အနေနဲ့ လိုအပ်ပါတယ်။ 

“(ထိုင်ဝမ်) ရေလက်ကြားကိုဖြတ်ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် တရုတ်တစ်ပြည်တည်း မူဝါဒကို နိုင်ထက်စီးနင်း စိန်ခေါ်လိုက်တာ ဒါမှမဟုတ် အဖျက်အမှောင့်ဖြစ်တဲ့အခါ၊ ရေလက်ကြားတစ်လျှောက်မှာ တိမ်မည်းတွေ ဒါမှမဟုတ် ပြင်းထန်တဲ့ မုန်တိုင်းတွေတောင် ဖြစ်လိမ့်မယ်” လို့  Wang က ပြောဆိုခဲ့ပါတယ်။ 

Ref: Reuters/ac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.