တိုကျို ၊ ဇူလိုင် ၁၂

 ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှု ပြတ်တောက်မှာကို စိုးရိမ်မှုကြီးထွားလာနေတဲ့ ဂျပန်နိင်ငံအတွက် ဒီဆောင်းရာသီအတွင်းမှာ စွမ်းအင်အကျပ်အတည်းကို ရပ်တန့်ဖို့ အစီအစဉ်သစ် တစ်ရပ်ကို စဉ်းစားနေတယ်လို့ ဂျပန် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီနေ့မှာ  ပြောကြားလိုက်ပါတယ်။

ဂျပန်အစိုးရက လျှပ်စစ်သုံးစွဲသူတွေအတွက် စွမ်းအင်ထိန်းသိမ်းနိုင်စေမယ့် စနစ်တစ်ရပ်ကို  မိတ်ဆက်ဖို့ စီစဉ်နေပြီး ဒီစနစ်ဟာဓာတ်ငွေ့သုံးစွဲမှု လျှော့ချရာမှာ အထောက်အကူ ဖြစ်စေမယ်လို့ ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်မှာ  အစိုးရက ပြည်သူတွေနဲ့စီးပွားရေးလုပ်ငန်းတွေ အနေနဲ့  မြို့တွင်းဓာတ်ငွေ့သုံးစွဲမှု အတိုင်းအတာတစ်ခုအထိ လျှော့ချပေးဖို့ အစိုးရကတောင်းဆိုထားမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

လာမယ့်ဆောင်းရာသီအတွက်    သဘာဝဓာတ်ငွေ့ရည် (LNG)နဲ့ လည်ပတ်ရတဲ့ အပူပေးစက်တွေဝယ်လိုအား  မြင့်တက်ချိန်မရောက်ခင်  အချိန်မီထိရောက်မှုရှိစေဖို့ ရည်ရွယ်ချက်ပြီး ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့နဲ့ ဆွေးနွေးကာ စီမံချက်အသစ်တွေကို စတင်တော့မှာလို့ အစိုးရ တာဝန်ရှိသူတစ်ဦးကလည်း ထပ်မံအတည်ပြုထားပါတယ်။

လက်ရှိမှာ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီအကျပ်အတည်းဖြစ်နေသလို  

စွမ်းအင်အရင်းအမြစ်နည်းပါးတဲ့ ဂျပန်နိုင်ငံဟာလည်း  ရုရှားနဲ့  တင်းမာမှုတွေ ပြင်းထန်လာလို့  ရုရှားရဲ့ ဓာတ်ငွေ့ရောင်းချမှုဖြတ်တောက်မယ်လို့  ခြိမ်းခြောက်မှုကိုခံနေရချိန်လည်း ဖြစ်ပါတယ်။ 

ဒီအတွက် ဂျပန်နိုင်ငံအနေနဲ့ လာမယ့် ဆောင်းတွင်းမှာ  ရုရှားရဲ့ အထောက်အပံ့မပါဘဲ လျှပ်စစ်စွမ်းအင်ထုတ်နိုင်ဖို့နည်းလမ်းရှာခဲ့ တာဖြစ်ပါတယ်။ 

ဂျပန်လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ဒီအစီအစဉ်သာ အကောင်အထည်ဖော်ခဲ့ရင်  လာမယ့်ဇန်နဝါရီမှာ  ဟော့ကိုင်းဒိုးနဲ့ အိုကီနာဝါကလွဲလို့ ကျန်ဒေသတွေမှာ လိုအပ်တဲ့ လျှပ်စစ်ပမာဏထက် ၃ရာခိုင်နှုန်း လျှော့နည်းသုံးစွဲသွားဖွယ်ရှိပြီး လျှပ်စစ်မီး ပြတ်တောက်မှုကို လျှော့ချနိုင်မယ်လို့ခန့်မှန်းထားပါတယ်။

 Ref: CNN 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.