ကျောက်ကြီးမြို့နယ်က စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ အကူအညီတွေ အရေးပေါ် လိုအပ်နေ
ကျောက်ကြီး ၊ ဇူလိုင်(၁၁) ကရင်အမျိူးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ပြီး စစ်ရေးဝင်ရောက် လှုပ်ရှားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…