ဘန်ကောက် – ဇူလိုင်(၁၁) 

အာရှမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှဒကို တုံ့ပြန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းအားထုတ်မှုကို အရှိန်မြှင့်ဖို့လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နဲ့ထိုင်းတို့ ပြီးခဲ့တဲ့ဇူလိုင်လ(၁၀) ရက်နေ့က တွေ့ဆုံ ပြီးသဘောတူလက်မှတ်တွေရေးထိုးခဲ့ကြပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီ နိုင် တို့ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်မြင့်မားလာစေဖို့ ကတိပြုခဲ့ကြတာပါ။ 

အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပမှာတရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနဲ့ တွေ့ဆုံးပြီး နောက်တစ်ရက်မှဦ ဘလင်ကန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။ 

ဘလင်ကန်ဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာနဲ့လည်းတွေ့ဆုံမှာဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အရှမှာ သံသမန်ရေးကိစ္စတွေဆောင်ရွက်ခဲ့ပြီး ပရာယွတ်နဲ့ လည်း တွေ့ဆုံထားပါတယ်။ 

“ကျွန်တော်တို့ကြားက မိတ်ဖက်ဆက်ဆံရေးကို ၂၁ ရာစုထဲကို အပြည့်အ၀ ယူဆောင်သွားနေ ပါတယ်” လို့ ဘလင်ကန်က ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံဟာ ရာစုနှစ်ရဲ့ လမ်းကြောင်းကို ပုံဖော်နေတဲ့ ဒေသတစ်ခုမှာအရေးကြီးတဲ့ မဟာမိတ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဘလင်ကန်ဟာ အာရှမှာ သက်တမ်းအကြာဆုံးအမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ကို သူနဲ့လိုက်ပါခဲ့တဲ့ သတင်းထောက်တွေမှာ ကိုဗစ်ကူးစက်ခံရသူတွေ့ရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နှစ်က ဒေသတွင်းခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်က လျစ်လျူရှုထားတဲ့ ဒေသနဲ့ ဆက်ဆံ ရေး ကို မြှင့်တင်ဖို့ ဘိုင်ဒင်အစိုးရအဖွဲ့ဟာ ကြိုးပမ်းနေပြီး တရုတ်ကတော့ ရင်းနှီးမြှုပ်နှံ မှုနဲ့ ကုန်သွယ်မှုပေါင်းစည်းရေးကို တွန်းအားပေးနေသလို သူ့ရဲ့ ဩဇာကို ချဲ့ထွင်နေပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးချိန်မှာ မြန်မာနိုင်ငံအကြပ်အတည်းနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေတိုးချဲ့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောဆိုခဲ့ကြပါတယ်။ 

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့မှု တွေရှိလာပြီး ဖြုတ်ချခံထားရတဲ့ အစိုးရနဲ့ မဟာမိတ်ပြည်သူ့စစ်အဖွဲ့တွေအပါအဝင် ဘက်ပေါင်းစုံက ခုခံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဘလင်ကန်ဟာ ဇူလိုင်လ(၁၀) ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ မြန်မာ လူငယ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.