ဝါရှင်တန် – ဇူလိုင်(၁၁) 

နေအိမ်က နှင်ထုတ်ခံရပြီး ရာထူးမှနုတ်ထွက်တယ်လို့ ကြေညာပြီးနောက်ပိုင်းရေရှည်ဖြေရှင်း ချက်ရယူဖို့ သီရိလင်္ကာခေါင်းဆောင်တွေကို အမေရိကန်က ဇူလိုင်လ(၁၀) ရက်နေ့မှာ တိုက်တွန်း လိုက်ပါတယ်။

နိုင်ငံတော်ပိုမိုကောင်းမွန်လာစေဖို့ ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး ပါတီတစ်ခုမှ မဟုတ်ပဲ သီရိလင်္ကာပါလီမန်ကို ချဉ်းကပ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူ အန်တိုနီ ဘလင်ကန် က ပြောခဲ့တာပါ။ 

“ရေရှည်စီးပွားရေး တည်ငြိမ်မှု ရရှိစေမယ့် ဖြေရှင်းချက်တွေကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်ဖို့နဲ့ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီပြတ်လပ်မှု အပါအဝင် ပိုဆိုးလာတဲ့ စီးပွားရေးအခြေအနေတွေအပေါ် သီရိလင်္ကာပြည်သူတွေရဲ့ မကျေနပ်မှုတွေကို ဖြေရှင်းဖို့ ဒီအစိုးရ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်ထားတဲ့ အစိုးရသစ်ကို ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်။”လို့ ဘလင်ကန်က ပြောခဲ့ပါတယ်။ 

ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေကို တိုက်ခိုက်တာတွေမပြုလုပ်ဖို့ အမေရိကန်က သတိပေး ထားပေမယ့် ရာဂျာပက်ဆာရဲ့ နေအိမ်ကို လူအုပ်က ဝင်စီးခဲ့တာနဲ့ပတ်သက်ပြီး သတိပေးထား ပါတယ်။ 

“သီရိလင်္ကာပြည်သူတွေဟာ သူတို့ရဲ့အသံတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပြီး ဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတိုင်းကို စုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးမှုနဲ့ တရားစွဲဆိုမှုတွေ အပြည့်အ၀ပေးဖို့ တောင်းဆိုထားပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

ရာဂျာပက်ဆာဟာ သီရိလင်္ကာရဲ့ ဆယ်စုနှစ်များစွာ ကြာတဲ့ ပြည်တွင်းစစ်ရဲ့ အဆုံးအဖြတ်မှာ စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေနဲ့ အတူ တရုတ်နဲ့ သူတို့ရဲ့ ရင်းနှီးတဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုကို ပယ်ချခဲ့ပြီးနောက်ပိုင်းမှာ အမေရိကန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိနေသူဖြစ်ပါတယ်။ 

စားနပ်ရိက္ခာနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ တရုတ်တို့က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထောက်ပံ့ပေးဖို့ ကမ်းလှမ်းထားပါတယ်။

Ref : Channel News Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.