ကိုလံဘို – ဇူလိုင်(၁၀) 

အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်သူတွေ ကရဲတပ်ဖွဲ့ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး သမ္မတ ရဲ့တရားဝင်နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ကြပါတယ်။ 

သီရိလင်္ကာအလံတွေနဲ့ ဦးထုတ်တွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ သမ္မတနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြတာကို ဒေသတွင်းရုပ်မြင်သံကြားသတင်း NewsFirst ရုပ်သံလိုင်း မှာဖော်ပြထားပါတယ်။ 

လူဦးရေ(၂၂) သန်း ရှိတဲ့ ကျွန်းနိုင်ငံမှာ လောင်စာဆီ၊အစားအစာနဲ့ ဆေးဝါးတင်သွင်းမှုတွေကို ကန့်သတ်ထားသလို နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ဆယ်စုနှစ်ခုနှစ်ခုအတွင်း အဆိုးရွားဆုံးဘဏ္ဍာရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတာပါ။ 

နိုင်ငံမတည်ငြိမ်မှုတွေမှာ သမ္မတ ဂိုတာဘရာရာဂျာပါက်စကာ ကို လူတွေက အပြစ်တင်နေကြပြီး မတ်လကစပြီး ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ 

မြို့တော်ကိုလံဘိုမှာ ထောင်နဲ့ချီတဲ့ လူထုဟာ သမ္မတကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ရွတ်ဆိုပြီး သမ္မတနေအိမ်ကို ချီတက်ဖို့ ရဲအတားအဆီးတွေကို ဖြိုဖျက်ခဲ့ကြတယ်လို့ မျက်မြင် သက်သေတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့က သေနတ်လေပေါ်ထောင်ပစ်ခတ်ခြိမ်းခြောက်တာတွေလုပ်ခဲ့ပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးကိုတော့ တားဆီးနိုင်တာမရှိခဲ့ဘူးလို့ သူကပြောပါသေးတယ်။ 

ငွေကြေးပိတ်ဆို့နေတဲ့ သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီတင်ပို့မှုကို ရပ်တန့်ပြီး မရှိမဖြစ်လိုအပ် တဲ့ဝန်ဆောင်မှုတွေအတွက် ဓာတ်ဆီနဲ့ ဒီဇယ်ဆီခွဲတမ်းတွေချခိုင်းခဲ့တာကြောင့် မကျေနပ်မှု တွေ ပိုမိုဆိုးရွားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

 ဇွန်လမှာ ၅၄.၆ ရာခိုင်နှုန်းအထိရှိခဲ့တဲ့ လောင်စာဆီပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွ မှုတွေ ကြောင့်အခက်ကြုံနေရတဲ့ သန်းပေါင်းများစွားထဲက ပြည်သူတစ်ဦးက “အိမ်ပြန်ဖို့ ဂိုတာ ကို အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သူက အာဏာကို ဆုပ်ကိုင်ထားဆဲပါ။ ကျွန်ုပ်တို့ တောင်းဆိုတာ တွေကို နားမထောင်မချင်း ရပ်တန့်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ 

သူဟာ တံငါသည်တစ်ဦးဖြစ်ပြီး ကိုလံဘိုမြို့မြောက်ဘက် (၄၅) ကီလိုမီတာအကွာပင်လယ် ကမ်းစပ်က လူပြည့်ကြပ်နေတဲ့ ဘတ်စ်ကားတစ်စီးကိုစီးနင်းလိုက်ပါပြီး ဆန္ဒပြမှုတွေမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ 

နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် အမေရိကန်ဒေါ်လာ(၃) ဘီလျံထောက်ပံ့ဖို့ အပြည်ပြည်ဆိုင် ရာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ သီရိလင်္ကာရဲ့ ဆွေးနွေးမှုတွေကို ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေရှားပါး မှုလျှော့ချဖို့အတွက် နိုင်င့ပေါင်းစုံနဲ့ နှစ်နိုင်ငံရင်းမြစ်ရန်ပုံငွေရှာဖွေတာတွေအတွက်လည်း ထိခိုက် စေနိုင်တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.