စင်္ကာပူ – ဇူလိုင်(၁၀)

စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းကို အကြမ်းဖက်မယ်လို့ လှုံဆော်ခဲ့တဲ့ သံသယရှိသူ အသက်(၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဇူလိုင်လ(၈) ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၈) ရက်နေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ ခြိမ်းခြောက်မှု အစီရင်ခံကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး CNA သတင်းဌာနရဲ့ Facebook စာမျက်နှာမှာ မှတ်ချက်ရေးသားပြီး ခြိမ်းခြောက်ပြောဆို ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

နောက်ဆက်တွဲစုံစမ်းမှုတွေအရ ဗဟိုရဲဌာန တာဝန်ရှိသူတွေက Facebook အသုံးပြုသူ ဘယ်သူ ဖြစ်တယ်ဆိုတာသိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဝန်ကြီးချုပ်ကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အမျိုးသားကို သတင်းပေးပို့ပြီး ငါးနာရီအတွင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူနဲ့အတူ လက်ပ်တော့တစ်လုံး၊တက်ဘလက်တစ်လုံးနဲ့ လက်ကိုင်ဖုန်း လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှု တွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

“စင်ကာပူမှာ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ရဲတွေက ခွင့်လွှတ်မှာ မဟုတ်ဘူး” လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ 

အကြမ်းဖက်မှုဖြစ်စေဖို့ လှုံဆော်မှုတစ်ခုခုရှိတဲ့ အီလက်ထရွန်းနစ်မှတ်တမ်းတစ်ခုခုပြုလုပ်တာ ဒါမှမဟုတ် ဆက်သွယ်ရေးဆိုင်ရာ ပြစ်မှုအတွက် ပြစ်မှုထင်ရှာစီရင်ခြင်းခံရရင် ဘယ်သူမဆို ထောင်ဒဏ်(၅) နှစ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။ 

Ref: CNA/zl

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.