ပေကျင်း  – ဇူလိုင်(၉)

တရုတ်အကြီးတန်းစစ်ဘက်အရာရှိတစ်ဦးကမတရားသော ရန်စမှုတွေကို ပြတ်ပြတ်သားသား တန်ပြန်တိုက်ခိုက်ခြင်းနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်နိုင်ငံကို ဇူလိုင်လ (၇) ရက်နေ့က သတိပေးပြောဆိုခဲ့ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို အားကောင်းအောင်ဆောင်ရွက် ပြီး အန္တရာယ်တွေကို ထိန်းချုပ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ 

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်ငံနှစ်ခုဟာ တရုတ်က တောင်းဆိုထားတဲ့ ထိုင်ဝမ်နဲ့ ရုရှား ရဲ့ကျူးကျော်မှုအခြေအနေဟာ အာရှပစိဖိတ်ဒေသမှာ ပိုမိုကျယ်ပြန့်လာတဲ့ ယှဉ်ပြိုင်မှုအထိ အငြင်းပွားဖွယ်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုကြား အပြန်အလှန်ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။ 

ပူတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ အမေရိကန်ကြည်းတပ်ဗိုလ်ချုပ်ကြီး Mark Milley ဟာ တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng နဲ့ စကားပြောဆိုခဲ့တယ်လို့ ပင်တဂွန်က ထုတ်ပြန် ထားပါတယ်။ 

“ဗိုလ်ချုပ် Milley သည် ယှဉ်ပြိုင်မှုများကို တာဝန်သိစွာ စီမံခန့်ခွဲရန်နှင့် ပွင့်လင်းသော ဆက်သွယ်ရေးလိုင်းများကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်” လို့ Milley ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဗိုလ်ချုပ် Milley ဟာ ဆက်သွယ်ရေးပိုမိုကောင်းမွန်လာစေဖို့နဲ့ ဗျူဟာမြောက် အန္တရာယ် လျှော့ချရေးအတွက်အရေးကြီးတဲ့ ဆွေးနွေးမှုမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ အရေးပါမှုကို အလေးပေးပြောဆိုခဲ့သလို ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံက နှစ်နိုင်ငံတပ်အနေနဲ့ အပြန်အလှန်လေးစားမှုနဲ့ ဓမ္မဓိဋ္ဌာကျမှုတွေကို လက်ကိုင်ပြု သင့်သလို ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ နှိုးဆွတဲ့ ဖြစ်ရပ်တွေကို တမင်ဖန်တီးတာထက် ပူးပေါင်း ဆောင်ရွက်မှဒကို မြှင့်တင်ဖို့၊တွေ့ဆုံဆွေးနွေးမှုတွေပိုမိုအားကောင်းစေဖို့ ဘေးအန္တရာယ်တွေကို ထိန်းချုပ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ 

“မည်သူမဆို နိုင်ထက်စီးနင်း ရန်စပါက တရုတ်လူမျိုးများ၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက် မှုနှင့် မလွဲမသွေ ရင်ဆိုင်ရလိမ့်မည်”Li ကလည်း ထိုင်ဝမ်နှင့် စစ်ဘက်ဆက်ဆံရေးကို ရပ်တန့်ရန် အမေရိကန်ကို ထပ်မံတောင်းဆိုခဲ့ပြီး “တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက် ကြား တည်ငြိမ်ရေးတို့ကို တုန်လှုပ်စေခြင်းမှ ရှောင်ကြဉ်ပါ” လို့  တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng က ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံဟာ သူတို့ရဲ့ အဓိက အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် အပေးအယူဒါမှမဟုတ်လိုက်လျောမှုတွေပြုလုပ်ဖို့ မရှိဘူးလို့လည်း သူက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို လက်ခံဖို့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖိအားပေးဖို့ ထိုင်ဝမ်အနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင် နေပါတယ်။ 

တရုတ်စစ်တပ်အနေနဲ့ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ခုခံကာကွယ်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng က ပြောဆိုထားပါတယ်။ 

ထိုင်ဝမ်အစိုးရကတော့ ကျွန်းရဲ့ လူ(၂၃) သန်းဟာ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီး ငြိမ်းချမ်းရေးလိုလားနေချိန်မှဦ တိုက်ခိုက်ခံရရင် မိမိကိုယ်ကိုကာကွယ်သွားမယ်လို့ ပြောဆို ထားပါတယ်။ 

Ref: Channel News Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.