ဘန်ကောက် ၊ ဇူလိုင် (၉)

ဇွန် ၃၀ ရက်က မြန်မာဂျက်လေယာဉ် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် ထိုင်းအာဏာပိုင်တွေက  မြန်မာစစ်တပ်နှင့် ပူးပေါင်းကြံစည်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ထိုင်း တက်ကြွလှုပ်ရှားသူအုပ်စုများက ကြာသပတေးနေ့တွင် လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။ 

နွန်သဘူရီ မျိုးဆက်သစ် ကွန်ရက်နှင့် အတူ ဒီမိုကရေစီအဖွဲ့ အနေဖြင့် နယ်စပ်တလျှောက်ရှိ ကရင်ပြည်သူများကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနှင့် မြန်မာ အရာရှိများ အကြား ပူးပေါင်းဆောင်ရွက်မှု ရှိ၊မရှိ သိရှိရန် လွှတ်တော် အမတ်များကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

ဇွန်လ (၃၀)ရက်နေ့က တာ့ခ်ခရိုင်ဒေသန္တရရှိ ဖော့ဖရ ခရိုင်ခွဲကိုဖြတ်ပြီး ထိုင်းနိုင်ငံရဲ့ လေပိုင်နက်ထဲကို မြန်မာ MiG-29 တိုက်လေယာဉ်တစ်စင်း ဖြတ်သွားခဲ့တာကို တွေ့ရှိခဲ့ရပြီး အဆိုပါ အဖြစ်အပျက်သည် ဖော့ဖရ ခရိုင်ခွဲအတွင်းရှိ ကျေးရွာများမှ ဒေသခံများကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။ 

တက်ကြွလှုပ်ရှားသူ ၂ ဖွဲ့၏ သံသယအရ ကျူးကျော်ဝင်ရောက်မှုသည် “ကရင်လူမျိုးများ၏ လူမျိုးစုချေမှုန်းရေး ပူးပေါင်းကြံစည်မှု” မှအမြစ်တွယ်လာတာဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပါဝင်ပတ်သက်ပါက စစ်ရာဇဝတ်မှုအဖြစ် ရှုမြင်နိုင်ကြောင်း ၎င်းတို့က ပြောပါတယ်။ 

ထိုင်းတော်ဝင်တပ်မတော် ဒုဗိုလ်ချုပ်ပြီး အပီချတ်ဆူဆက်က  မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှာ ဇွန်လ ၂၉ ရက်က ပြုလုပ်သည့် နယ်ခြား ကော်မတီ အစည်းအဝေးသို့ တက်ရောက် ခဲ့ကြောင်း ဒီမိုကရေစီအဖွဲ့ အဖွဲ့ဝင်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ Somyot Pruksakasemsuk ကပြောပါတယ်။ 

“ဘာဖြစ်လို့လဲ ဘယ်သူမှ သံသယမရှိတော့ဘူးလား၊ ဒီလုပ်ဆောင်ချက်က ထိုင်းနဲ့ မြန်မာအာဏာရှင်နိုင်ငံတွေက အာဆီယံနဲ့ ကျန်တဲ့လူတွေကို ခြိမ်းခြောက်မှုဖြစ်နိုင်ချေကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု ဒုဗိုလ်ချုပ်ကြီး ခရီးစဉ်နှင့် ကျူးကျော်ဝင်ရောက်မှု တိုက်ဆိုင်မှုကို ရည်ညွှန်းပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ 

Move Forward ပါတီရဲ့ လွှတ်တော်အမတ် ရမ်ဆီမန်က မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များသည် နယ်စပ် နှစ်ဖက်စလုံးတွင် နေထိုင်သူများနှင့် နီးကပ်စွာ ဆက်နွှယ်နေသောကြောင့် ထိုင်းနိုင်ငံအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.