ဝါရှင်တန် – ဇူလိုင်(၉) 

ဂျော့ချ်ဖလွိုက်သေဆုံးမှုနဲ့ စွဲချက်တင်ခံရတဲ့ မီနီရာပိုလ်ရှ် ရဲအရာရှိဟောင်း ဒဲရစ်ရှာလ်ဗင် ဟာ ပြည်ထောင်စုတရားစွဲဆိုမှုနဲ့ ဇူလိုင်လ (၇) ရက်နေ့က ထောင်ဒဏ်အနှစ်(၂၀) ကျော် ချမှတ်ခံခဲ့ရ ပါတယ်။ 

၂၀၂၁ ခုနှစ် မေလက အသက်(၄၆) နှစ်အရွယ်လူမည်းအမျိုးသား ဖလွိုက်ကို စီးကရက်တစ်ဗူး ဝယ်ဖို့ ဒေါ်လာ(၂၀)  တန်ဘေလ်အတုနဲ့ဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးချိန်မှာ သူ့ရဲ့ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။ 

ရှာလ်ဗင်ဟာ ဖလွိုက်သေဆုံးမှုအတွက် လူသတ်မှုစွဲချက်နဲ့ စီရင်ချက်ချခံခဲ့ရပြီးနောက် (၂၂)နှစ်ခွဲ ပြစ်ဒဏ်ကျခံနေရပြီး အဲ့ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံမှဦ လူမျိုးရေးမမျှတမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ 

“မင်းဘာကြောင့်လုပ်ခဲ့တာလဲဆိုတာ ငါတကယ်မသိဘူး၊ ဒါပေမယ့် သူမသေမချင်း မင်းရဲ့ဒူးကို တခြားသူရဲ့လည်ပင်းမှာ တင်တာက မှားတယ်၊ မင်း ကြီးလေးတဲ့ အပြစ်ပေးခံရထိုက်တယ်” လို့ဆိုပြီးတရားသူကြီး ပေါလ်မဂ်နုဆန်က ရှာလ်ဗင်ကို ပြစ်ဒဏ် (၂၅၂) လကျခံစေခဲ့ပါတယ်။ 

ဖက်ဒရယ်အစိုးရရှေ့နေတွေကတော့ ထောင်ဒဏ်(၂၅) နှစ်ချမှတ်ဖို့ ကြိုးပမ်းခဲ့ကြပြီး “သူလုပ် တာမှားမှန်းသိပြီး ဘာပဲဖြစ်ဖြစ် သူလုပ်ခဲ့တာဘဲ” လို့ အမေရိကန်လက်ထောက်ရှေ့နေ လီအန်ဘဲလ်က တရားရုံးကို ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ရှာလ်ဗင်ကတော့ စီရင်ချက်မချမီ ဖြစ်စဉ်ကို အတိုချုံးပြောခဲ့ပေမယ့် သူ့ရဲ့ လုပ်ရပ် အတွက် တောင်းပန်တာတော့ မရှိခဲ့ပါဘူး။ 

ဂျော့ချ်ဖလွိုက်ရဲ့ ညီအစ်ကိုတစ်ဦးဖြစ်တဲ့ ဖီလိုနစ်ဖလွိုက်ကတော့ တရားခံထိခိုက်မှု ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ရှာလ်ဗင်ကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။ 

“ကျွန်ုပ်တို့အားလုံးကို ခွင့်လွှတ်ဖို့ ဘုရားသခင်ရဲ့ အလိုတော်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ မင်နီဆိုတာရှိလူတိုင်းဟာ အသားအရောင်ဘယ်လိုရှိပါစေ အသက်တွေအားလုံးဟာ အရေးကြီးကြောင်း သိရန် လိုအပ်ပါတယ်” လို့ ရှာလ်ဗင်ရဲ့ မိခင်က သက်ညှာမှုအတွက် တောင်းဆိုခဲ့ပြီး တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ 

မင်နီဆိုတာရှေ့နေချုပ်က စီရင်ချက်ကို ကြိုဆိုခဲ့ပြီး တရားမျှတမှုကို လျှောက်လှမ်းရာမှာ တာဝန်ခံမှုရဲ့ နောက်ထပ်ခြေလှမ်းလို့ ပြောဆိုခဲ့ပြီး ဒီစီရင်ချက်ကို မင်နီဆိုတန်အပါအဝင် အမေရိကန်တွေအားလုံးနဲ့ နိုင်ငံတစ်ဝှမ်းရှိ တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေကို ဒီလိုရာဇဝတ် မှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

ရှာလ်ဗင်ဟာ လူသတ်မှုပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမယ့် ပြည်ထောင်စု စွဲချက်တွေအတွက် စီရင်ချက် ချတာဟာ အယူခံရလဒ်ဘယ်လိုထွက်ပေါ်ပါစေ ထောင်ဒဏ်ဆယ်စုနှစ် နှစ်ခု ချမှတ်ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖလွိုက်ကို ဖမ်းဆီးမှုမှာ အခင်းဖြစ်နေရာမှာရှိနေတဲ့ ရှာလ်ဗင်နဲ့ တခြားရဲအရာရှိသုံးတို့ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကို ချိုးဖောက်ပြီး ဆေးဘက်ဆိုင်ရာ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.