June 12, 2022

အိန္ဒိယနိုင်ငံတွင် တမန်တော်မြတ်အား ဆန့်ကျင်သည့် မှတ်ချက်များနှင့်ပတ်သက်၍ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး ဖြိုခွင်းမှုတွင် လူနှစ်ဦးသေဆုံးခဲ့

နယူဒေလီ ၊ ဇွန် (၁၂) တမန်တော် မိုဟာမက်နှင့်ပတ်သက်ပြီး အာဏာရပါတီမှ အရာရှိတစ်ဦးရဲ့ မှတ်ချက်ပေးမှုကြောင့် စတင်ခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူနှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး အခြားလူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီ၏ပါတီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက တီဗီစကား စစ်ထိုးပွဲအစီအစဉ်တစ်ခုမှာ ပရောဖက်နှင့် ၎င်း၏အငယ်ဆုံးဇနီးတို့ကြား…

ထိုင်ဝမ်မှာလွတ်လပ်ရေးကြေညာရင် စစ်ပွဲစတင်မှာ ဖြစ်တယ်လို့ တရုတ်က အမေရိကန်ကို ခြိမ်းခြောက်

ပေကျင်း – ဇွန်(၁၂) ထိုင်ဝမ်ကို လွတ်လပ်ရေးကြေညာလိုက်မယ်ဆိုရင် စစ်ပွဲစတင်ဖို့အတွက် တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန် သမ္မတ ကို သတိပေးလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဂရီလာ လုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲ ဆွေးနွေးချိန်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Looyd Austin နဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံ ချိန်မှာပဲ တရုတ်ကာကွယ်ရေးဝန်ကြီး က သတိပေးပြောဆိုလိုက်တာပါ။…

မာရီယိုပူးမှာ ကာလဝမ်းရောဂါပျံ့နှံ့နေတဲ့အတွက် လက်နက်နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးဖို့ ယူကရိန်းတောင်းဆို

ကီးယက် – ဇွန်(၁၂) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နိုင်င့အရှေ့ဘက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် လက်နက် တွေကို မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးဖို့နဲ့ တိုးပွားလာတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒုံးပျံစနစ်တွေအပါအဝင် ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့ ကတိကဝတ်တွေ ဖြည့်ဆည်းပေးမှသာ ရုရှားရဲ့ ထိုးစစ်ကို ကာကွယ်နိုင်မှာ…