ဗီယင်ကျန်း – ဇွန်(၇) 

တခြားနိုင်ငံတွေထက် နောက်ကျကျန်ခဲ့တဲ့ အစိုးရဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ် နည်းပညာ ကူးပြောင်းမှု မြှင့်တင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံအတွင်း ပထမဆုံးတီထွင်ထားတဲ့ စာတိုပေးပို့တဲ့ အက်ပ်(APP) LoudChat ကို လာအိုနိုင်ငံက ပထမဆုံးအကြိမ်အဖြစ်မိတ်ဆက်လိုက်ပါတယ်။ 

LoudChat ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး “Line” အက်ပ် လို စာတိုပေးပို့တဲ့ လုပ်ဆောင်ချက် တွေအတွက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘေလ်ပေးချေတဲ့ ဝန်ဆောင်မှုတွေနဲ့ အခြားသော လုပ်ဆောင်ချက်တွေကို နောက်ပိုင်းမှာ တိုးချဲသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

ပြည်သူတွေကတော့ အစိုးရက လူထုကို နောက်ယောင်ခံစုံစမ်းဖို့ ဒီအက်ပ်အသစ်ကို အသုံးချ မှာကိုစိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

လက်ရှိလာအိုနိုင်ငံရဲ့ အင်တာနက်အသုံးပြုသူ (၇၀) ရာခိုင်နှုန်းဟာ WhatsApp နဲ့ Line လို ပြည်ပဆက်သွယ်ရေးအက်ပ်တွေကို အများဆုံးအသုံးပြုနေတာဖြစ်ပြီး အခုစတင်အသုံးပြုနိုင် မယ့် LoudChat အက်ပ်ဟာ အစိုးရနဲ့ လာအိုတယ်လီကွန်းကုမ္ပဏီ စီရီချာလန်ဇေ တို့ပူး ပေါင်း ပြုလုပ်တဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ 

LoudChat သည် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ပြည်ပအက်ပ် တွေထပ် နေ့စဉ်လူနေမှု ဘဝနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို ထည့်သွင်းဖို့ လွယ်ကူမှာ ဖြစ်တယ် လို့ ၎င်းကုမ္ပဏီ နဲ့အစိုးရ က ယုံကြည်နေပါတယ်။ 

လာအိုနိုင်ငံမှာ LoadChat ကိုနေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ဆောင်မှု Functions တွေကို ထည့်သွင်းပြီး နိုင်ငံတော် အက်ပ် အဖြစ်ကြီးထွားလာစေဖို့ ရည်ရွယ်ထား တယ်လို့ စီရီချာလန်ဇေရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ 

ငွေပေးချေမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို အောက်တိုဘာမှာ ထည့်သွင်းသွားမှာ ဖြစ်ပြီး ငွေပေးငွေယူ အခကြေးငွေတွေကတဆင့် ဝင်ငွေရရှိဖို့ ရည်ရွယ်ချက်နဲ့ အနာဂတ်မှာ အွန်လိုင်း စျေးဝယ်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွားသွားမယ့် အပြင် အစိုးရ စီမံခန့်ခွဲရေး လုပ်ထုံး လုပ်နည်းတွေနဲ့ အလုပ်သမား စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတွေအပြင် တခြားလုပ်ဆောင်ချက် တွေကို ထည့်သွင်းသွားဖို့ရှိတယ်လို့ ကုမ္ပဏီက ကြေငြာထားပါတယ်။ 

LoudChat ကို ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ထားတဲ့ သုံးစွဲသူတွေအတွက် အမခဲ့ ဖြစ်ပြီး အခုချိန်မှာ တော့လာအိုနိုင်ငံတွင်းမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် အနာဂတ်ကာလမှာ တရုတ်၊ဗီယက်နမ် နဲ့ထိုင်းနိုင်ငံမှာပါ သုံးစွဲနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

အစိုးရကို အင်တာနက်မှာ ဝေဖန်ရင် ဖမ်းဆီးခံရနိုင်တဲ့ လာအိုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်အတွက်ဖိနှိပ်ခံထားရတဲ့နေရာမှာ ဒီ အက်ပ်ကို အသုံးပြုဖို့ ကမ်းလှမ်းထားပေမယ့် သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ဘယ်လို အသုံးပြုမယ်ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန် ကြားရေးမှူးအမ်မာလီနီဂေလ်းက မေးခွန်းထုတ်ထားပါတယ်။ 

ဆော့ဖ်ဝဲရေးသားတဲ့ ကုမ္ပဏီမှာ အစိုးရက ရှယ်ယာဝင်ထားသလို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ နေရာတွေမှာလဲ အစိုးရအရာရှိတွေပါဝင်နေပါတယ်။ 

 “လူတွေကို စောင့်ကြည့်ဖို့ နည်းလမ်းမရှိပါဘူး။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သေချာပေါက် ကာကွယ်သွားမှာပါ” လို့ ကုမ္ပဏီ CEO က စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ပြောခဲ့ ပါတယ်။ 

LoudChat အက်ပ်ဟာ နိုင်ငံတွင်းက ဆာဗာတွေကိုသာ အသုံးပြုထားတဲ့အတွက် အချက်အလက် ပေါက်ကြားနိုင်ခြေဟာ အလွန်နည်းပါးတယ်လို့ သူက ပြောပါသေးတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.