မြန်မာစစ်ခေါင်းဆောင်ကို ဖိအားပေးဖို့အတွက် ကုလမူကြမ်းဆွေးနွေးမှု မအောင်မြင်
ဝါရှင်တန် – မေ(၂၉) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တစ်ရပ် အဖြစ် တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်အပေါ်ဖိအားပေးဖို့ ထုတ်ပြန် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ဖို့ ကုလသမဂ္ဂမှာ ဆွေနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဗြိတိန်အစိုးရက တင်သွင်းတဲ့ မူကြမ်းကို မြန်မာ့အရေးတစ်ရက်တာ တံခါးပိတ်ဆွေးနွေးမှု မနက်ပိုင်းမှာ တရုတ်ရဲ့ ဝေဖန်တားဆီးမှုတွေကြောင့် တစ်ရက်တာဆွေးနွေးမှု မအောင်မြင်ဖြစ်ခဲ့ ရတာပါ။ မူကြမ်းဆွေးနွေးညှိနှိုင်းမှု ပျက်စေဖို့အတွက်…